Pages

Tuesday, December 11, 2012

မွန်ပြည်နယ် ရေးမြို့နယ်တွင် ဆိုင်ကယ် ဦးထုပ်အတွင်း ၀ှက်ပြီးယူဆောင်လာသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

၉-၁၂-၂၀၁၂ ရက်နေ့ ၁၅၃၀ အချိန် မွန်ပြည်နယ် ရေးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းအရ လမိုင်းမြို့ မြို့မ(၁)ရပ်ကွက်နေ ကျော်မိုးထိုက်(၃၄)နှစ်၏ နေအိမ်သို့ ၀င်ရောက် ရှာဖွေခဲ့ရာ ကျော်မိုးထိုက်သည် အပြင်ဘက်မှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် တွေ့ရှိသဖြင့် စစ်ဆေးရာ ဦးထုပ်အနီရောင်အတွင်းမှ ပလပ်စတစ်အိတ် အပြာရောင်ဖြင့်ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား(၁၅၇)ပြားနှင့် အစိမ်းရောင် စိတ်ကြွရူးသွပ် ဆေးပြား(၂)ပြား၊ စုစုပေါင်း (၁၅၉)ပြား တန်ဖိုး(၇၉၅,၀၀၀)ကျပ်အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
 ၁၆၃၀ အချိန်တွင်  ကျော်မိုးထိုက်အား လမိုင်းရဲစခန်း မယ(ပ)၃/၂၀၁၂ မူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ
သာ ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၆(က)/၁၉(က)ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း
 ရှိသည်။

 မြ၀တီ 

0 comments:

Post a Comment