Pages

Tuesday, December 11, 2012

မန္တလေး ၃၃ လမ်းပေါ်ရှိ ဒိုင်းမွန်းပလာ အပေါ်ထပ်မှ လူတစ်ယောက် မိမိကိုယ်သေကြောင်းကြံစည် ခုန်ချရန်ကြိုးစားသူတစ်ဦးကိုအချိန်မှီတားဆီး (နောက်ဆက်တွဲသတင်း)

 
မန္တလေး ၃၃ လမ်းပေါ်ရှိ ဒိုင်းမွန်းပလာ အပေါ်ထပ်မှ လူတစ်ယောက် မိမိကိုယ်သေကြောင်းကြံစည် ခုန်ချရန်ကြိုးစားသူတစ်ဦးရဲများ ကခေါ်ဆောင်လာစဉ်
(ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)
မန္တလေး ၃၃ လမ်းပေါ်ရှိ ဒိုင်းမွန်းပလာ အပေါ်ထပ်မှ လူတစ်ယောက် မိမိကိုယ်သေကြောင်းကြံစည် ခုန်ချရန်ကြိုးစားသူတစ်ဦးရဲများ ကခေါ်ဆောင်လာစဉ်
မန္တလေး ၊ ဒီဇင်ဘာ ၁၁ ရက်

ယနေ့ နံနက် ၁၀ နာရီခွဲ ခန့် အချိန်တွင်မန္တလေး မြို့ ၃လမ်းပေါ်ရှိဒိုင်းမွန်းပလာအပေါ်ထပ်မှလူတစ်ယောက်
မိမိကိုယ်ကို မိမိသေကြောင်းကြံစည် ခုန်ချရန် ကြိုးပမ်းခဲ့သည်။အဆိုပါ နေရာ သို့  သက်ဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်မှ တာဝန်ရှိသူများ၊ကယ်ဆယ်ရေးအဖွဲ့ ဝင်များနှင့်
မီးသတ်ယာဉ် ၂ စီး တို့ ရောက်ရှိလာပြီး မိမိကိုယ်ကို မိမိသေကြောင်းကြံစည် ခုန်ချရန် ကြိုးပမ်းသောအသက်
၃၅ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးအား အချိန်မှီ ထိန်းသိမ်းနိုင်ခဲ့သည်။
 





" သူ့ ရဲ့ မိန်းကလေး နဲ့ အဆင်မပြေလို့ ခုန်ချပြီး သေကြောင်းကြံစည် တယ် လို့ ပြောတာပဲ " ဟု အဆိုပါ ဒိုင်း
မွန်းပလာ အပေါ်ဆုံးထပ်တွင် ရောက်ရှိနေသော တာဝန်ရှိသူ တစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။ 

ယခု အခါ အဆိုပါ အမျိုးသားအား သက်ဆိုင်ရာ ရဲစခန်းမှ ခေါ်ဆောင် သွားခဲ့ကြောင်းသိရသည်။

သတင်း၊ ဓါတ်ပုံ - စိုင်းလမင်း
 

0 comments:

Post a Comment