တယ်။ Apple ရဲ့  iOS 6 ပေါ်မှာအလုပ်လုပ်တဲ့ Apple Map app ဟာယနေ့ချိန်ထိ မူလပကတိအနေအထားသို့ ပြန်
လည် မရောက်ရှိသေးပါဘူး။ အမှား အယွင်း များဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ၊ Mildura မြို့ အနီး
မှာ ဘေးမဲ့တောပန်းခြံတစ်ခုရှိတယ်လို့ Apple မြေပုံက ပြ သပြီးအမှန်စင်စစ်၄၄ မိုင်ဝေးတာကို တွေ့ရပါတယ်။
ဒါကို မသိပဲ Apple Map အသုံးပြုသူဟာ Map ရဲ့ လမ်းညွန်ချက် အတိုင်း သွားတော့ ရေမရှိတဲ့အပြင် အပူချိန် ၁၁၅ ဖာရင်ဟိုက်အထိ မြင့်မားတဲ့ ဒေသ ဖြစ်နေပါတယ်။ အကယ်၍ ကားသာ ယင်းနေရာမှာ တစ်ခုခု ဖြစ်ခဲ့ရင် ပြန်လှည့်
ပြန်ဖို့ အခက်အခဲ ရှိတဲ့အတွက် အသက်အန္တရာယ်တောင် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် Mildura မြို့ က ရဲများဟာ Apple ရဲ့  မြေပုံကို အသုံးမပြုရန် သတိပေးကြေညာလိုက်ပါတယ်။iPhone 5 စတင်ဖြန့်ချိခြင်း အတူထွက်ရှိတဲ့ Apple မြေပုံဟာ ယနေ့တိုင် မှားယွင်းနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် Google ရဲ့  မြေပုံကိုပဲ ပြန်လည် အသုံးပြုစေဖို့ Apple က တိုက်တွန်းထားပါတယ်။
လက်ရှိ ပြင်ဆင်မှု မပြီး နိုင်သေးတဲ့ မြေပုံအတွက် Apple စီအီးအို Tim Cook ကိုယ်တိုင် အောက်တိုဘာလ ၂၆ ရက်နေ့ဟာ တရားဝင် တောင်းပန် ထားပြီး ဖြစ်ပါတယ်။ သို့ပေမယ့် အများပြည်သူတို့ ထပ်ခါထပ်ခါ အသုံးပြုနေမှု
ကြောင့် သြစတေးလျ ရဲများဟာ Apple ကို တိုက်ရိုက်အကြောင်းကြား အသိပေးရတဲ့ အခြေအနေအထိ ရောက်
သွားကြောင်း သိရပါတယ်။
Ref: imoreAung Kham
(TSJ team)
0 comments:
Post a Comment