့ဖြင့် ထိုးဖောက်လာချိန်တွင် Googleကလည်း တုံ့ပြန်လာခြင်း ဖြစ်သည်။
LGက Hardwareပိုင်း တာဝန်ယူသော Nexus 4မိုဘိုင်းလ်ဖုန်းသည် Screenအကျယ် (၄.၇)လက်မ ရှိနေပြီး iPhone 5နှင့် အဓိက ယှဉ်ပြိုင်လာဖွယ် ရှိနေသည်။
| (Nexus 10) |
ထို့အပြင် iPad miniအား စိန်ခေါ်ရန်အတွက် Screenအကျယ် (၇)လက်မရှိသော Nexus 7ကို Updateလုပ် အ
ဆင့်မြှင့် မွမ်းမံကာ ရောင်းချသွားရန်လည်း Googleက စီစဉ်ထားပြီး ဖြစ်သည်။ ထို့အပြင် Appleကို ရင်ဆိုင်
ရန် Music Service အသစ်တစ်ခုကိုလည်း Googleက မိတ်ဆက်လာခဲ့သည်။ Nexus 10မှာမူ (၁၀)လက်မအ
ရွယ် Screenနှင့် Tabletအကြီးဖြစ်ပြီး Apple၏ (၉.၇)လက်မ Screenနှင့် စတုတ္ထမျိုးဆက် iPadကို စိန်ခေါ်မည်
ဖြစ်သည်။
| (Nexus 4) |
Googleသည် ဟာရီကိန်း ဆန်ဒီ ဝင်ရောက် တိုက်ခတ်မှုကြောင့် နယူးယော့ခ်တွင် ပြုလုပ်မည့် Nexus ထုတ်
ကုန်များ မိတ်ဆက်ပွဲကို ရွှေ့ဆိုင်းခဲ့ရသည်။ Nexus 10ကိုမူ Hardwareပိုင်း၌ Apple၏ ကမ္ဘာ့ရန် တောင်ကိုရီး
ယား ကုမ္ပဏီကြီး Samsungကတာဝန်ယူခဲ့သည်။Googleက Nexus 10သည် iPadထက် Screen Resolutionပိုင်း
ပိုမို ကောင်းမွန်မည်ဟု ပြောကြားထားသည်။
| (iPad Mini, Kindle Fire, Nexus 7 နှင့် iPad3 တို့၏ နှိုင်းယှဉ်ချက်) |
Googleသည် Nexus 4ဖုန်းတွင် Charging စနစ်၌ Wireless နည်းပညာကို အသုံးပြုထားကြောင်းနှင့် Android 4.2ကို OSအဖြစ် အသုံးပြုထားကြောင်းလည်း ကြေညာသွားသည်။
Source: DailyMail



0 comments:
Post a Comment