Pages

Thursday, November 1, 2012

ဗြောက်အိုးမဖောက်ရန် တားမြစ်သည့် မန္တလေးမှ ရဲတပ်ကြပ်ကြီးတစ်ဦး ထိုးကြိတ်ခံရ

မန္တလေး၊အောက်တိုဘာ-၃၁

မန္တလေးမြို့တွင် ဗြောက်မဖောက်ရန် တားမြစ်သည့် ရဲတပ်ကြပ်ကြီးတစ်ဦး ထိုးကြိတ်ခံရသည့်ဖြစ်ရပ်တစ်ခု သီတင်းကျွတ်လပြည့်ညက ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။



တားမြစ်သည်ကို လက်မခံဘဲ ရဲအရာရှိအား ထိုးကြိတ်သူ ပြည့်စုံ (၂၂ နှစ်) မန္တလေးမြို့နေသူအား ပြစ်မှုပုဒ်မ ၂၉၄/၃၃၃ ဖြင့်အမှတ်(၅)ရဲစခန်းတွင်အမှုဖွင့်အရေးယူထားကြောင်းမန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် ရပ်ရွာလုံခြုံရေးအပေါ် ထိခိုက်မှုရှိနိုင်သဖြင့် ဗြောက်အိုး၊ မီးရှူး
မီးပန်းများ ပစ်ဖောက်ရောင်းဝယ်ခြင်း မပြုရန် မန္တလေးတိုင်းအစိုးရအဖွဲ့မှ တားမြစ်ထားကာ တားမြစ်ချက်ကို မလိုက်နာသူများအား ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေပြီး သက်ဆိုင်ရာ မြို့နယ်ထွေအုပ်မှ တရားလိုပြုလုပ်
ကာတရားဝင်ကြေညာချက်ကိုဆန့်ကျင်သည့် ပြစ်မှုပုဒ်မ-၁၈၈ ဖြင့်အရေးယူဆောင်ရွက်နေကြောင်းမန္တလေး
တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးစိုးငြိမ်းကပြောသည်။

လက်ထဲတွင် ဗြောက်အိုး၊ မီးရှူးမီးပန်းတွေ့လျှင် ရောင်းသူ၊ ၀ယ်သူ၊ ပစ်ဖောက်သူ မည်သူကိုမဆို ဖမ်းဆီး
အရေးယူနေကြောင်း ၄င်းကပြောသည်။

ရဲမှူးစိုးငြိမ်းက "ပင်ရင်းရောင်းတဲ့ဆိုင်တွေကို အဓိကဖမ်းချင်ပါတယ်။ သတင်းပေးတိုင်ကြားကြပါ"ဟု ပြော
သည်။

မန္တလေးမြို့ပေါ်တွင် ဗြောက်အိုး၊မီးရှူးမီးပန်း ရောင်းချသူများကိုဖမ်းဆီးအရေးယူမှုအနေဖြင့် အောက်တိုဘာ
၂၈ ရက်တွင် ၄ မှု၊ ၂၉ ရက်တွင် ၉ မှု၊ ၃၀ ရက်တွင် ၁၈ မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ကာ လာမည့် တန်ဆောင်
တိုင်ကာလ၊ ခရစ်စမတ်ကာလတွင်လည်း တင်းကြပ်စွာ ဖမ်းဆီးအရေးယူမှုများ ဆက်လက်ပြုလုပ်သွားမည်
ဖြစ်ကြောင်း ရဲမှူးစိုးငြိမ်းကပြောသည်။

ဖမ်းဆီးရမိသော ဗြောက်အိုး၊ မီးရှူးမီးပန်းများမှာတရုတ်နိုင်ငံလုပ်များအများဆုံးဖြစ်ပြီး ဗြောက်အိုးတစ်ခုချင်း
စီ၏ တန်ဖိုးမှာ ကျပ်ရာဂဏန်းမှ ကျပ်သိန်းဂဏန်းအထိ တန်ကြေးရှိကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
 
 
7days News:

0 comments:

Post a Comment