Pages

Thursday, November 1, 2012

မြိတ်မြို့တွင် အုပ်စုဖွဲ့ပြီး ကားမှန် ရိုက်ခွဲဖျက်ဆီးမှု ဒုတိယအကြိမ် ဖြစ်ပွား

 
၂၀၁၂ ရက်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့   အလွန် နိုဝင်ဘာလ (၁) ရက်နေ့ နံနက် (၀၁း၃၀) အချိန်ခန့်
၌  မြိတ်မြို့ ကန်ကြီးရပ်   ကွက်နှင့် ရေပုန်း ရပ်ကွက်ရှိ နေအိမ်များ အရှေ့တွင် ရပ်နား  ထားသော မော်တော်
ကားများ၏ ရှေ့လေကာမှန်နှင့် နဘေးမှန်များအား အမည်မသိ လူငယ်တစ်စုမှ ရိုက်ခွဲ ဖျက်ဆီးမှု ဖြစ်ပွားခဲ့
သည်။ ထို့သို့ လူငယ်တစ်စုမှ ရမ်းကားစွာကားမှန်များရိုက်ခွဲဖျက်ရှိမှုကြောင့် ရေပုန်းရပ်ကွက် ငြိမ်းချမ်းရေး (၂) လမ်း
န ဦးချစ်ပွေ၏ ကင်တာအမျိုးအစား ကားအမှတ် ၈စ / ၆၈၀၀ မော်တော်ကား ဘေးမှန် ကွဲကြေခြင်း ၊ ရေပုန်း
ရပ်ကွက် စည်ပင်သာယာလမ်းနေ ဒေါ်မိသီ၏ တောင်းအေ့စ် အမျိုးအစား ယာဉ်အမှတ်  ၈/ဆ- ၄၁၄၉  မော်
တော်ယာဉ် ရှေ့လေကာမှန် ကွဲကြေခြင်း၊ ကန်ကြီးရပ်ကွက် သာကေတ (၁)လမ်းနေ ဦးအာကာစိုး၏ မတ်တူး
အမျိုးအစားယာဉ်အမှတ်၎ဂ/ ၉၁၈၃ မော်တော်ယာဉ် ရှေ့လေကာမှန်ကွဲကြေခြင်း စသည့် မော်တော်ယာဉ်
(၃)စီးတွင် ဖြစ်ပွားခဲ့သည်။

မနက်ပိုင်း ရရှိသောသတင်းအရ ဖြစ်ပွားမှုမှာ မော်တော်ယာဉ်(၆)စီးထက်မနည်းဖျက်ဆီးခြင်းခံရနိုင်ကြောင်း
နှင့် မော်တော်ယာဉ် ပိုင်ရှင်များအနေဖြင့် အမှုအခင်းမလုပ်လိုသဖြင့်အမှုဖွင့်ခြင်းမပြုလုပ် ခဲ့ကြောင်း သတင်း
ရရှိသည်။





REF: မြစ်ပုလဲမြေ

0 comments:

Post a Comment