Pages

Thursday, November 1, 2012

နိုက်ဂျီးရီးယား ကျေးရွာတစ်ရွာတွင် သေနတ်သမားများ ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွား

နိုက်ဂျီးရီးယား ကျေးရွာတစ်ရွာတွင် သေနတ်သမားများ ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွား

နိုက်ဂျီးရီးယား နိုင်ငံတွင် ကျေးရွာတစ်ရွာ၌ သေနတ်သမားများဝင်ရောက်ပစ်ခတ်သွားသည့်အတွက်အနည်း
ဆုံး လူ(၂၀) သေဆုံးသွားကြောင်း သိရှိရသည်။ နိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွင် ဖြစ်ပွားသွားသောပစ်
ခတ်မှုသည် နိုက်ဂျီးရီးယားတွင် ဆက်တိုက် ပေါ်ပေါက်နေသော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၏
နောက်ဆုံး ပြဿနာတစ်ရပ် ဖြစ်လာဖွယ် ရှိနေသည်။ အင်္ဂါနေ့က ဖြစ်စဉ်ကို ရဲတပ်ဖွဲ့က အတည်ပြုထားပြီး ယင်းသည် ဓားပြများ၏ လက်ချက်ဟု ယူဆရကြောင်းမူ ပြောကြားထားသည်။
သေနတ်သမားများသည် မော်တော်ဆိုင်ကယ်များ၊ မြင်းများနှင့် ရောက်လာပြီးနောက် ဒန်ဆာဒူခရိုင်ရှိ ရွာ
ငယ်လေး ကာဘိုရိုတွင် ဝင်ရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ကျေးရွာလူကြီး အယ်လ်ဟာဂျီ မိုင်ယာရာသည်
သေနတ်သမားများကို တုံ့ပြန်ရန် ကြိုးစားကာ တိုက်ခိုက်မှုကို ရပ်တန့်ရန် အားထုတ်ခဲ့ကြောင်း မျက်မြင်များ
က ဆိုသည်။ သို့သော်လည်း ၎င်းသည် သေနတ်ဖြင့် ပစ်သတ်ကာ ခေါင်းဖြတ်ခြင်းကို ခံလိုက်ရကြောင်း သိရ
သည်။

ယင်းဖြစ်စဉ်တွင် နောက်ထပ် အနည်းဆုံး(၁၉)ဦးသည်လည်းသတ်ဖြတ် ခံခဲ့ရသည်။(၂)နာရီမျှ ကြာမြင့်သော
တိုက်ခိုက်မှုနှင့် ပတ်သက်သော အကြောင်းရင်းကို မသိရသေးချေ။ သို့သော်လည်း ဓားပြများကို ရွာကို ဓားပြ
တိုက်စဉ် ကျေးရွာ လုံခြုံရေး တပ်ဖွဲ့များ၏ တွန်းလှန်မှုနှင့် တစ်ကြိမ် ကြုံတွေ့ရသည့်အတွက် အညှိုးထား တုံ့
ပြန်လာခြင်းဟု ယူဆရသည်။

အောက်တိုဘာလ (၂၄)ရက်နေ့ကလည်း ဒွန်ဂို ဒါဝါကျေးရွာတွင် သေနတ်သမားများ ဝင်ရောက် ပစ်ခတ်မှု
ကြောင့် လူပေါင်း (၂၄)ဦး သေဆုံးကာ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကား အနိုင်အထက်ပြုမှုကို ခံခဲ့
ရကြောင်း သိရှိရသည်။

Source: WireUpdate

0 comments:

Post a Comment