Pages

Thursday, November 1, 2012

ရခိုင်လမ်းတံတားဆောက်လုပ်ရေးလုပ်ငန်းများ၌ အမျိုးသမီးလုပ်သား ပိုမိုမြင်တွေ့လာရ


ရခိုင်ပြည်နယ်အတွင်းမြို့နယ်ဒေသများ၌ လမ်းတံတား အဆောက်အဦးစီမံကိန်းလုပ်ငန်းခွင်များအတွင်းအ
မျိုးသားလုပ်သားများထက် အမျိုးသမီးလုပ်သားများအား ပိုမိုမြင်တွေ့လာရမှုများလာကြောင်း ဒေသတွင်း ပုဂ္ဂလိကလမ်းတံတား၊ ဆောက်လုပ်ရေး ကုမ္ပဏီများထံမှသိရသည်။

ဘင်္ဂလားပင်လယ်အော်နှင့်နီးကပ်စွာတည်ရှိသောရခိုင်ကမ်းရိုးတမ်းဒေသတွင်း ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း
နှင့် မြေယာအခြေခံ စိုက်ပျိုးရေးလုပ်ငန်းမှလွဲ၍စက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးမှုအားနည်းနေသေးကြောင်း
ကို လည်း သိရသည်။
ထို့ကြောင်း ဒေသတွင်း အမျိုသားအခြေခံလုပ်သားများမှာ ဒေသတွင်း အလုပ်အကိုင်ရှားပါးမှုနှင့် မြန်မာ
နိုင်ငံ၏စီးပွါးရေးမြို့တော် ရန်ကုန်နှင့် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် မလေးရှားနှင့် ထိုင်းနိုင်ငံများ
သို့ စွန့်ခွာသွားရောက်အလုပ်လုပ်ကိုင်မှု များပြားလာခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။
ကျွန်တော်လမ်းတံထားစီမံကိန်းနှင့်  ပတ်သတ်ပြီး ရခိုင်ဒေသတော်တော်များများကို ရောက်ဖူးပါတယ်။ မြို့
နယ်ဒေသတိုင်းလိုလိုမှာ လမ်းတံတားစီမံကိန်း တည်ဆောက်မှု လုပ်ငန်းခွင်များမှာ အမျိုးသားလုပ်သား များ
ထက်  အမျိုးသမီးလုပ်သားများကို ပိုမိုတွေ့လာရပါတယ် ဟု ရန်ကုန်- စစ်တွေ ကားလမ်းပိုင်းရှိ  အမ်း-မင်း
ပြားကားလမ်းပိုင်းအား အဆင့်မြင့် တင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော ပြည်တွင်း ပုဂ္ဂ
လိက ဆောာင်လုပ်ရေးကုမ္ပဏီတစ်ခုမှ အင်ဂျင်နီယာမှုးတစ်ဦးကပြောကြားသည်။
အဆိုပါလုပ်ငန်းခွင်များ၌ ၀င်ရောက်လုပ်ကိုင်နေကြသည့်  အမျိုးသမီးလုပ်သားအများစုမှာ ပြင်ပတွင် သွား
ရောက်အလုပ် လုပ်နေကြသည့် ၄င်းတို့ခင်ပွန်းများက ငွေမပို့ပေးနိုင်ခြင်း၊ ဆွေမျိုးပတ်ဝန်းကျင် အသိုင်းအ
ဝိုင်းများဆင်းရဲချို့တဲ့ခြင်းများကြောင့် သားသမီးမျာ၏  ပညာရေးနှင့်စားဝတ်နေရေးအတွက်အဓိထား လုပ်
ကိုင်နေကြခြင်းဖြစ်ကြောင်းကိုလည်းသိရသည်။
ကျွန်မယောင်္ကျားက မလေးရှားမှာပါ။ သွားတုန်း တစ်နှစ် လောက်တော့ ငွေပို့ပေးတယ်။ နောက်တော့ မပို
့တော့ပါဘူး။ ဖုန်းအဆက်အသွယ် လည်း ဒီကနေ့ထိ မရသေးဘူး။ သူနှင့် ဒီမှာက အတူသွားတဲ့ သူတွေက ဖုန်းလာတော့ကျွန်မယောင်္ကျား တစ်ခြားနေရာဒေသ  တစ်ခုကိုအလုပ်ပြောင်းသွားပြီလို့ သိရပါတယ်။ ကျွန်
မမှာက သားသမီးတွေရဲ့  စားဝတ်နေရေးနှင့် ပညာရေးပုံမှန်လိုအပ်ချက်တွေအတွက်ကြောင့်  တစ်နေ့အ
လုပ်မလုပ်ရင်  ဘယ်လို စခန်းသွားနိုင်မှာလဲ ဟု စစ်တွေမြို့ တွင်းလမ်းပိုင်း၌ လမ်းလုပ်သား ဆောင်ရွက်
နေသည့် အမျိုးသမီးက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ်ဒေသတချို့  အသေးစားစက်ရုံ အလုပ်ရုံများနှင့် လက်မှုထုတ်ကုန်လုပ်ငန်း များရှိသော်လည်း လုပ်ငန်းလည်ပတ်မှု အနေအထားများအရ  လုပ်သားလိုအပ်မှု  နည်းပါး နည်းပါးခြင်းနှင့် ရရှိသောလုပ်ခလစာမှာလည်းယခုခေတ်စနစ်ကုန်ဈေးနှန်းများနှင့်လိုက်လျောညီထွေမှု မရှိခြင်းတို့ကြောင့်
ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ရန်မကျွမ်းကျင်မသင့်
တော်သာ အမျိုးသမီးလုပ်သား များမှာ တည်ဆောင်ရေး စီမံ ကိန်းလုပ်ငန်းများ တွင် ၀င်ရောက်လုပ်ကိုင်မှု
များပြား လာခြင်းဖြစ်ကြောင်းလည်း သိရသည်။
အရင်ကတော့ ကျောက်ဖြူမှာ ရေထွက်ပစ္စည်းတရုတ် အိပ်စပို့ ပို့ကုန်လုပ်ငန်းမှာ လုပ်ခဲ့ပါတယ်။ အခုနှစ်
ဆန်းပိုင်မှ စပြီး အဲဒီလုပ်ငန်းကထွက်လို့ ဆောက်လုပ်ရေး စီမံကိန်းလုပ်ငန်း သို့လုပ်ငန်းပြောင်းရွေ့လာ
တာပါ။

ဆောက်လုပ်ရေးလုပ်ငန်ခွင့်တွေမှာ ကျတော့ လုပ်ငန်းအမျိုးအစား အလျောက် တစ်နေ့ကို (၁၀၀၀)မှ (၁၃
၀၀)အထိ ရတတ်ပါတယ် ဟု အမ်း- မင်းပြား ကားလမ်းပိုင်း တစ်နေရာအား အဆင့် မြင့်တင်ခြင်းလုပ်ငန်း
ဆာင်ရွက်နေသော  တောင်ကုတ်မြို့ မအီမြို့နယ်ခွဲမှ အသက် (၄၀)၀န်းကျင်အရွယ်ရှိ အမျိုးသမီး ဒေါ်
ကျော့စိန်က ပြောသည်။


မြစ်မခသတင်း

0 comments:

Post a Comment