Pages

Thursday, November 1, 2012

မိုဘိုင်းအင်တာနက်အသုံးပြုခကို ဒေတာပမာဏဖြင့် ပြောင်းလဲကောက်ခံရန် စီစဉ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းအင်တာနက်အသုံးပြုရာတွင် ကောက်ခံသည့် အင်တာနက်
အသုံး ပြုခကို မိနစ်နှင့် ကောက်ခံမည့်အစား ဒေတာပမာဏဖြင့် ကောက်ခံခြင်း ကို နိုဝင်ဘာလတွင် စတင်
ကာပြောင်းလဲ ကောက်ခံနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက် သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာ
ချုပ် ဦးဌေးဝင်းက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
လက်ရှိအချိန်တွင်အင်တာနက်အသုံးပြုခအနေဖြင့်ဂျီအက်စ်အမ်ဖုန်းများကိုတစ်မိနစ်လျှင်နှစ်ကျပ် ကောက်
ခံခဲ့ပြီး WCDMA နှင့် CDMA 800 MHz ဖုန်းများတွင် တစ်မိနစ်လျှင် လေးကျပ်ကောက်ခံနေသည်။
 
နိုဝင်ဘာလထဲမှာVolumeဆွဲတဲ့ ပေါ်မှာမူတည်ပြီး ကောက်ခံသွား မှာပါ။DownloadVolume Rate နဲ့ ကောက်ခံ
ဖို့ စီစဉ်နေပါတယ်။ 1MByte အောက်ဆိုရင် ဈေးတစ်မျိုး၊ 100 MByte ဆိုရင် ဈေးတစ်မျိုးနဲ့ ကောက်ခံမှာပါ။ အခုထိတော့ ဈေးနှုန်းက ညှိနှိုင်းနေဆဲ ပါ"ဟု ဦးဌေးဝင်းက ပြောသည်။
 
နိုင်ငံတကာတွင်လည်း Volume နှင့် ပင် ကောက်ခံလျက်ရှိပြီး နိုင်ငံတကာ ဈေးနှုန်းများနှင့် ညှိနှိုင်းပြီး ကောက်
ခံသွားမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။
 
မိုဘိုင်းအင်တာနက်များကိုအသုံးပြုခ ပြောင်းလဲကောက်ခံပြီးနောက်တွင်အသုံးပြုမှုတိုးတက်လာပါကရန်
ကုန် ဧရိယာတွင် လိုင်းကြပ်ခြင်းမျိုး မဖြစ် စေရန် ဌာနအနေဖြင့် စီမံချက်များနှင့် ဆောင်ရွက်လျက်ရှိကြောင်း
သိရ သည်။
 
မိုဘိုင်းဖြင့် အင်တာနက်အသုံးပြုများ လာသည်နှင့်အမျှ အချို့မြို့နယ်များ တွင် အင်တာနက်မြန်နှုန်းမှာ ည
ပိုင်း အချိန်များတွင် အင်တာနက်နှေးကွေး နေကြောင်း သိရသည်။
 
ကျွန်မက ဖုန်းနဲ့ ညဘက်တွေမှာ အင်တာနက်သုံးလေ့ရှိပါတယ်။ ညဘက် တွေမှာက ကွန်နက်ရှင်က ကျတာ
များ တယ်။ အကယ်၍ Download Volume နဲ့ မူတည်ပြီး ကောက်မယ်ဆိုရင် အဆင်ပြေမယ်ထင်တယ်။ မိနစ်
နဲ့ ကောက်ရင်အင်တာနက် နှေးနေရင် အဆင်မပြေဘူး"ဟု ကျောက်တံတား မြို့နယ်တွင် နေထိုင်သည့် မသီ
တာက ပြောသည်။
 
 
မြန်မာ့တိုင်းမ်

0 comments:

Post a Comment