Pages

Thursday, November 1, 2012

နိုင်ငံတကာအဆင့်မီ Data Center တည်ဆောက်ရန် စီစဉ်ထားသော်လည်း လျှပ်စစ်မီး အဆင်မပြေသေး

နိုင်ငံတကာအဆင့်မီ Data Center တစ်ခုကို မြန်မာသတင်းအချက် အလက်နှင့် ဆက်သွယ် ရေးနည်းပညာ
ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရှေးရင်းလီမိတက်နှင့် ဂျပန်နိုင်ငံမှ Hitachi လီမိတက် ပူးပေါင်းပြီး ၂၀၁၃ ခုနှစ်အ
တွင်း တည်ဆောက်သွားနိုင်မည်ဖြစ်သော်လည်း ၎င်း Data Center အတွက် လျှပ်စစ်မီးသည် အဓိကလိုအပ်
ချက် ဖြစ်နေကြောင်း Myanmar ICT Development Corporation (MICTDC) ၏ မန်နေဂျင်း ဒါရိုက်တာ ဦးခွန်
ဦးက ယခုလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့်Data Center Forum တွင် ပြောကြားခဲ့သည်။
"တစ်နှစ်တာလုံးမှာ လျှပ်စစ်မီးဟာ တစ်မိနစ်၊ နှစ်မိနစ် ပြတ်တောက်သွားခဲ့ရင်ကိုပဲ ကျွန်တော့်အထင် ပြဿ
နာ အရမ်းကြီးပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ အချို့ Data တွေဟာတစ်မိနစ်၊ နှစ်မိနစ်ကို ပြတ်လို့မရတဲ့
Data တွေဆိုတာရှိပါတယ်"ဟုဦးခွန်ဦးကပြောသည်။


MICTDC နှင့် Hitachi တို့  ပူးပေါင်းပြီး ဖက်စပ်လုပ်ငန်းထူထောင်ရန် စီစဉ်နေသော်လည်း ရင်းနှီးမြှုပ်နှံမှုအ
နဖြင့် အသေးစိတ် တွက်ချက်ခြင်းမပြုရသေးကြောင်း သိရသည်။

အရေးကြီးဆုံးနံပါတ်တစ်ဖြစ်သည့် လျှပ်စစ်မီးသည် ယခုအချိန်အထိ တည် ငြိမ်မှုမဖြစ်သေးပဲဒုတိယအရေး
ကြီးဆုံး မှာ ဆာဗာများထားရှိသည့်အခန်းဖြစ် ကြောင်း ဦးခွန်ဦးကပြောသည်။

"MICTDC ရဲ့ ဒါရိုက်တာအဖွဲ့ အားလုံးရဲ့ အမြင်က လတ်တလောမှာ ဘဏ်တွေနဲ့ အာမခံကုမ္ပဏီတွေဟာ
 သူတို့ရဲ့ ဒေတာအားလုံးကို လုံခြုံစိတ်ချ စွာ ဖြစ်ဖို့အတွက် နေရာတစ်ခု အရေး တကြီး လိုအပ်နေတယ်လို့
ယူဆပါတယ်။ Data Center ထွက်ပေါ်လာတဲ့အခါ ဘဏ်တွေနဲ့ အာမခံကုမ္ပဏီတွေဟာ ကျွန်တော်တို့ရဲ့ Data
 Center ကို လုံခြုံစိတ်ချစွာနဲ့ အသုံးပြုနိုင်ပါတယ်"ဟု ဦးခွန်ဦးကပြောသည်။

"အခု လက်ရှိ ဒေတာကိုဆာဗာပေါင်း ၂၀၊ ၃၀ နဲ့ ဖြစ်သလို ထားနေရပါတယ်။ တကယ်လို့ ဒီဒေတာများ တစ်
ခုခု ဖြစ်ခဲ့ရင် ဘယ်လိုများ လုပ်ရမလဲဆိုပြီး စိတ်ထဲမှာ အရမ်းကို တွေးပူနေရတယ်။

အာမခံလုပ်ငန်းဆို ပြောစရာကို မရှိတော့ဘူး"ဟု မြန်မာသတင်းအချက် အလက်နှင့် ဆက်သွယ်ရေး နည်း
ပညာ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း လီမိတက်၏ ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းဦးက ပြောသည်။



မြန်မာတိုင်းမ်

0 comments:

Post a Comment