Pages

Wednesday, November 14, 2012

နေပြည်တော်မှ ပြင်ဦးလွင်သို့ ထွက်ခွာလာသော မန္တလာမင်းနှင့် အခြားကားအချို့ တိုက်ခိုက်ခံရ

နေပြည်တော်မှ ပြင်ဦးလွင်သို့ အဝေးပြေးလမ်းမကြီး အတိုင်း ထွက်ခွာလာသော မန္တလာမင်း ကားနှင့် အခြားကား အချို့ မိုင်တိုင် ၂၀၈၊ ၆ ဖာလုံနဲ့ ၈ ဖာလုံကြား အရောက်တွင် လမ်းဘေးဘယ်ညာ မှ လောက်ေ လး ခွများဖြင့် ပစ်ခတ်တိုက်ခိုက် ခံရကြောင်း ယာဉ်ပေါ်တွင် ပါရှိသူ ခရီးသွားတစ်ဦးက ဖုန်းဆက် အကြောင်းကြားသည်။ ယင်းသို့တိုက်ခိုက်ခံရမှုကြောင့်နယူးမန္တလာထွန်း၊မန္တလာမင်းကားအချို့ထိခိုက်ခဲ့ပြီး ယာဉ်များမှန်ကွဲကာ ကားများ ရပ်ထားရကြောင်း၊ လူအချို့ ထိခိုက်ဒဏ်ရာရကြောင်း သိရပါသည်။ ကားများရပ်တန့်ပြီး ရှာဖွေကြ ရာ တရားခံများကို မတွေ့ရသေးကြောင်း သိရသည်။

ထို့ကြောင့်အဝေးပြေးလမ်းမကြီး အသုံးပြုပြီး ညအချိန် ခရီးသွားနေသူများ ရှိပါက ယခုကာလ သတိထားကြပါရန် CJ Myanmar မှ အရေးပေါ် သတိပေးအပ်ပါသည်။
 
CJMyanmar

0 comments:

Post a Comment