Pages

Wednesday, November 14, 2012

တနင်္သာရီမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအနီး ဘောလူးချောင်းတွင် ရွှေတုံးရွှေခဲများ တွေ့ရှိသည်ဆိုသောကြောင့် ရွှေရှာသူများပြားလာ၊ ကချင်ပြည်နယ်မှ ရွှေရှာသူနှင့် ဒေသခံရွှေရှာသူ ဦးရေ တစ်သောင်းကျော်အထိရှိ


နိုဝင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊တနင်္သာရီမြို့နယ်၊ကျောက်လုံးကြီးကျေးရွာအနီးတင်္သာရီမြစ်၏ချောင်းလက် တက်
တစ်ခုဖြစ်သောဘောလူးချောင်းတစ်လျှောက်တွင်ရွှေရှာနေသူများတွင်ရွှေတုံး၊ ရွှေခဲများတွေ့ရှိနေ ရကြောင်း သိရသည်။
ယခုလက်ရှိဘောလူးချောင်း၌ရွှေလာရောက်ရှာသူများတွင် မြန်မာပြည်မြောက်ပိုင်းရှိ ကချင်ပြည် နယ် မှ ရွှေ ရှာသူအများဆုံးလာရောက်လုပ်ကိုင်နေကြပြီး ဒေသခံရွှေရှာသူများဖြင့်ဆိုလျှင် လူဦးရေ တစ်ေ သာင်းေ ကျာ် အထိရှိနေကြောင်း၊ရွှေရှာသည့်ရွှေအဆိုင်း၄၀ကျော်ရှိပြီးတစ်ဆိုင်းလျှင်လူ၂၀ခန့်ဝင်ရောက် လုပ်ကိုင်ကြ
ကြောင်း၊
 
ဘောလူးချောင်းမှာတနင်္သာရီမြစ်လက်တက်တစ်ခုဖြစ်ပြီးထိုင်းနိုင်ငံနယ်စပ်ဘက်သို့ သွယ်တန်းနေ ကြောင်း၊ အဆိုပါနေရာမှာသင်္ဘောဦးကျေးရွာအုပ်စုအတွင်းပါဝင်ကာတနင်္သာရီမြို့နယ်မှရေလမ်းခရီး၁၂နာရီ သွားရ
ကြောင်း သိရသည်။

“ကျွန်တော်တို့ သွားရောက်လုပ်ကိုင်တာကတော့ အခုဆိုရင် လေးလကျော်သွားပြီ ရွှေတွေကတော့ အတုံး လိုက်အခဲလိုက် တွေ့ရတယ်။ ကချင်ပြည်နယ်ဘက်က ရွှေရှာတဲ့မုဆိုးတွေ ပြောပြချက်အရဆိုရင် သူတို့ လုပ် လာ တဲ့ သက်တမ်းတစ်လျှောက်မှာ ဒီလိုရွှေအတုံးအခဲ တွေ့ရတဲ့ ဘောလူးချောင်းလိုနေရာမျိုးကို မတွေ့ ဖူး ကြောင်း၊ သူတို့တောင်အံ့သြမိကြောင်း ပြောပါတယ်။ 
 
ပုံမှန်အတိုင်း ဆို ရင် ချောင်းတစ်ေ လျှာက် မှာ ရွှေကျင်တဲ့ အပြားတွေနဲ့ အမှုန်လေးတွေကို ကျင်ယူရပေမယ့် ဒီမှာကတာ့ရေပန်းနဲ့ကမ်းပါးတွေ၊တောင်စောင်းတွေကိုထိုးချလိုက်ပြီးအောက်ကိုကျလာတဲ့အနည်တွေထဲမှာ
ရွှေတွေကိုကောက်ယူတဲ့ပုံမျိုးဖြစ်နေပါတယ်။အဲဒီထဲမှာတစ်နိုင်တစ်ပိုင်လေးတွေလည်း ရွှေကျင်တဲ့အပြား
လေးတွေ နဲ့ လိုက် ကျင်တာတောင် တစ်နေ့ကို အတော်လေး တွက်ခြေကိုက်ပါတယ်။ 
 
ကချင်ပြည်နယ်ဘက်ကရွှေရှာတဲ့အမျိုး သမီးကြီးတစ်ယောက်မှာလည်း ပိဿာနဲ့ချီပြီး လေးတဲ့ ရွှေတုံးကြီးကို ရသွားသလိုဓာတ်ဗူးအရွယ်လောက်ရှိတဲ့ရွှေတုံးကြီးကိုရသွားတဲ့သူတွေလည်းရှိတယ်။သိရသလောက်ကတော့
ရွှေအချိန် ၆၀ ကျပ်သားကျော်အထိ အတုံးကြီးတွေရနေတာလည်း ရှိတယ်” ဟု ဘောလူးချောင်းတွင် သွားေ ရာက်ရွှေရှာနေ သူ တနင်္သာရီဒေသခံတစ်ဦးက ပြောသည်။

ရွှေရှာသူများတွင် နေကြာစေ့အရွယ် ရွှေတုံးလေးများလည်း အများအပြားရနေကြောင်း၊ ရွှေအရည်အသွေး မှာ၁၅ပဲရည်ရှိကာလာရောက်ဝယ်ယူသူများလည်းရှိကာတစ်ကျပ်သားလျှင်ကျပ်ခုနစ်သိန်းဝန်းကျင် ဈေး ပေး
ဝယ်နေကြောင်း သိရသည်။

အခုဆိုရင်တနင်္သာရီမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့လူငယ်၊လူလတ်ပိုင်းအတော်များများရွှရှိတဲ့ အဲဒီ နေ
ရာကိုသွားရောက်နေကြပြီးရတဲ့လူတွေလည်းရှိသလိုမရတဲ့လူတွေလည်းရှိတယ်လို့သိရ တယ်။ ရွှေရှာတဲ့ နေ
ရာမှာ ရွှေအကြောင်းနားလည်တဲ့သူက လိုက်ပြပြီး ရွှေထွက်တယ် လို့ယူဆရ တဲ့နေရာကို ပြနိုင်ရင် ဒီမှာရှိတဲ့ ဥယျာဉ်ရှင်ကို ငွေသိန်းဆယ်ဂဏန်းအထိပေးပြီး လုပ်ခွင့်ယူရပါတယ်။
 
ဒီနားမှာရှိတဲ့ တစ်နိုင်တစ်ပိုင်ဒေသခံ လက်ကျင်သမားတွေက ဒီနေရာကို ၀င်လို့မရတော့ပါဘူး” ဟု သတ္တု အကြောင်းကျွမ်းကျင်သူ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
 
EMG

0 comments:

Post a Comment