Pages

Wednesday, November 14, 2012

ရေကောင်းရေသန့်ရရှိရေးယုဇနဥယျာဉ်နေပြည်သူများ တောင်းဆိုနေ


ယုဇနဥယျာဉ်မြို့တော်၊အမှတ်(၉၄)ရပ်ကွက်နေ ပြည်သူများက  ရေကောင်းရေသန့်ရရှိခြင်းမရှိသည့်အပေါ်
တွင် သက်ဆိုင်ရာတာဝန်ရှိသူများမှ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုလျှက် ရှိကြောင်း သိရှိ
ရသည်။

ယုဇနဥယျာဉ်မြို့တော်သည် ၁၉၉၇ ခုနှစ်တွင် တန်ဖိုးနည်းအိမ်ရာအဖြစ် စတင်အကောင်အထည်ဖော်
ဆောင်ရွက်ခဲ့ပြီး (၉၄)ရပ်ကွက် နေထိုင်သူများမှာ  ၂၀၀၀ ပြည့်နှစ်မှ စတင်၍ ရေကောင်း ရေသန့်မရခဲ့ခြင်း
 ဖြစ်သည်။
 
 
ကျွန်တော်တို့ဆီက ရေတွေက အ၀ါရောင်ရေတွေပါ။အ၀တ်အစားတွေလျှော်ရင်လည်းအရောင်တွေ ပြောင်း
ကုန်တယ်။ ပြီးတော့ ရေတွေမှာလည်း သံဓာတ်တွေ ပါတယ်။ လူတွေ ဖျားနာတာတွေ ၀မ်းလျှောတာ တွေ
ဖြစ်တယ်။ ၀န်ကြီးချုပ်ကတော့ ငမိုးရိပ်က ရေရရှိဖို့ အမြန်အကောင် အထည် ဖော်ခိုင်းတယ်။ဟု ယုဇနဥ
ယျာဉ်မြို့တော်နေ  ဦးအေးပိုင်က ပြောသည်။
 
 
ရပ်ကွက်နေပြည်သူများမှာ ရေကောင်းရေသန့်ရရှိရန်အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဖေဖော်ဝါရီ (၁၆) ရက်နေ့တွင်    ရေကောင်းရေသန့်ရရှိရန် ငမိုးရိပ်မှရေကို ရေပိုက်များဖြင့် သွယ်တန်းရန် အိုးအိမ်၊ စည်ပင်
နှင့် ယုဇနကုမ္ပဏီတို့အား အကောင်အထည်ဖော်ဆောင်ရွက်ခိုင်းသော်လည်း လုပ်ဆောင်ပေး ခြင်းမရှိသေး
ကြောင်း ရက်ကွက်နေပြည်သူများထံက သိရသည်။
 
 
  (၉၃)ရပ်ကွက်က ရေကို သုံးဖို့အတွက် တစ်စည်ကို ၁၂၀၀ နဲ့ဝယ်ယူရပါတယ်။ ပြီးရင် သောက်မယ့် ရေ
ကို ရေသန့်ဗူးကြီးတွေ ၀ယ်ပြီး သောက်ရတယ်။ ရေသန့်ဗူးဝယ်မသောက်နိုင်တဲ့ သူတွေက တစ်စည်(၁၂၀၀
)ဆိုတဲ့ ရေကို ကျိုချက်ပြီးတော့   သောက်ရတယ်။ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင် ပါဝင်ခဲ့သူ ဦးအေး
ပိုင်က ဆက်ပြောသည်။
 
 
ရေကောင်းရေသန့်မရရှိသဖြင့် နိုဝင်ဘာ (၁၀) ရက်နေ့က (၉၄)ရပ်ကွက်နေ ပည်သူများက ဆန္ဒထုတ် ဖော်
ခဲ့ကြောင်းကိုလည်း သိရသည်။
 
 
တိုင်းဝန်ကြီးချုပ်မှ စည်ပင်၊ အိုးအိမ်၊ ယုဇနကုမ္ပဏီတို့အား ငမိုးရိပ်မှရေကိုရရှိအောင် အမြန်ဆုံးဆောင်ရွက်
ခိုင်း၍   ရေပိုက်တပ်ဆင်မှုကိုလည်း အချိုးကျမျှခံခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
 
 
"စည်ပင်က ရေပေးဝေမှုအပိုင်းတွေကိုလည်း Survey တွေ လာလုပ်ပြီးသွားပြီ။ ရေပိုက်တွေ တပ်မယ်မတပ်
ဘူးဆိုတာကိုတော့ ကုမ္ပဏီကလူကြီးတွေကပဲ ဆုံးဖြတ်မှာပါ။စည်ပင်ကဌာနမှူးတွေလည်း လာပြီး ရေပေး
ဝေမှု အပိုင်းတွေကိုလည်း လာကြည့်သွားပါတယ်။" ဟု ယုဇနဥယျာဉ်မြို့တော် အုပ်ချုပ်ရေးမှူး ဦးမောင်
မောင်ဦးက ပြောသည်။
 
 
ယခုတိုင် ရေကောင်းရေသန့်မရရှိသေးသဖြင့် ရပ်ကွက်နေပြည်သူများမှ ရေကောင်းရေသန့်ရရှိရေးအတွက်
လက်မှတ်များထိုးကာ   နိုင်ငံတော်သမ္မတနှင့် လွှတ်တော်များထံသို့ စာတင်သွားမည်ဖြစ်ပြီး၊ ဆောင်ရွက်
ပေးခြင်းမရှိပါက နောက်ထပ် ဆန္ဒထုတ်ဖော်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း သိရ သည်။
 

မြစ်မခသတင်း

0 comments:

Post a Comment