Pages

Wednesday, November 14, 2012

လက်ရှိ ရခိုင်ပြည်-ဘင်္ဂလာနယ်စပ် အခြေအနေ

BGB



ဘင်္ဂလာ အာဏာပိုင်က ဘင်္ဂလီ ၄၃ ဦးအား မြန်မာနိုင်ငံသားဟုဆိုကာ ယမန်နေ့ကတရားမ၀င် မှောင်ခိုနယ်
စပ်များမှ မောင်တော မြို့နယ်သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
ဘင်္ဂလာ ကော့စ်ဘဇားမြို့ အခြေစိုက် BGB အမှတ် (၁၇)တပ်ရင်းက ရခိုင်ပြည်-ဘင်္ဂလာနယ်စပ် ခေါင်းတုန်း
ဒေသမှ ယင်းပို့ဆောင်ခဲ့သော ဘင်္ဂလီ ၁၆ ဦး၊ တောင်ပြိုဒေသမှ ၁၉ ဦးနှင့် ဘာလူခါးလီနယ်မြေမှ ၈ ဦး စုစု
ပေါင်း ၄၃ ဦးအား ယမန်နေ့က ဖမ်းဆီးမိရာ ချက်ခြင်းပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကော့စ်ဘဇားမြို့ ယမန်
နေ့ကထုတ် ၀ပ်ဆိုက်နှင့် သတင်းစာများက ဖေါ်ပြခဲ့သည်။


ဘင်္ဂလာ အာဏာပိုင် အနေဖြင့် ကျူးကျော်လာသူ မြန်မာနိုင်ငံသားများဟုဆိုကာ ယင်းကဲ့သို့ ဘင်္ဂလီ ၃၆၄ ဦးအား ယခုလ နိုဝင်္ဘာလ အတွင်းက အဆိုပါ အမှတ် ၁၇ တပ်ရင်း နယ်စပ်စစ်ကြောင်းက ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း တပ်ရင်းပြောရဲဆိုခွင့်ရှိသူတဦးက ပြောသည်။ ထို့ပြင် စိုကိုရီယာရဲဋ္ဌာနမှ အဆိုပါ မြန်မာနိုင်ငံသားဟု စွပ်စွဲပြီး ဘင်္ဂလီ ၅ ဦးအား ယမန်နေ့က ဖမ်းဆီးရမိကြောင်း ယနေ့ထုတ် http://coxsbazarnews.net က ဖေါ်ပြသည်။
 
သို့သော်လည်း ရခိုင်ပြည် နယ်စပ်ဒေသအခြေစိုက် လ၀က၊ နစကနှင့် စစ်တပ်တပ်ဖွဲ့များ အနေဖြင့် ယင်းဘင်္ဂလာက တရားမ၀င် နယ်စပ် မှောင်ခိုလမ်းများမှ အတင်းအဓမ္မပို့ဆောင်ခဲ့သော ဘင်္ဂလီများအား မည်သည့်အခါမှ တစုံတရာ လိုက်လံစစ်ဆေး အရေးယူ မေးမြန်းမှုများ ယခုအချိန်ထိ မရှိသည့်အပြင် နယ်စပ်လုံခြုံရေး လုပ်ငန်းများ လုပ်ဆောင်ခြင်းရှိသည်ကိုလည်း မတွေ့ရကြောင်း ဒေသခံ မျက်မြင်များက ဆိုသည်။
 
ဘင်္ဂလာကအဆိုပါဘင်္ဂလီများအားဒေသအတွင်း ကျူးကျော်လာသူများဟုဆိုကာ နေ့စဉ်ဖမ်းဆီးမှုများရှိနေ
ကြောင်းနှင့်နေ့စဉ်နယ်စပ်ဒေသမှောင်ခိုလမ်းများမှပို့ဆောင်လျက်ရှိနေကြောင်း ကော့စ်ဘဇားမြို့ ဒေသထုတ်
ဝပ်ဆိုက်နှင့် သတင်းများက ဖေါ်ပြချက်များ အရ သိရှိရသည်။
 
ဘင်္ဂလာပိုက်နက် နတ်မြစ်အတွင်းရှိ ကျွန်းများမှ မလေးရှားသို့ ခိုးဝင်ပြီး အခြေချနေထိုင်ကာ အလုပ်လုပ်ရန် သွားသည့် စက်ဘုတ် ၂ စီး နိုဝင်္ဘာ ပထမအပတ်က နစ်မြှပ်ခဲ့ရာ ဘင်္ဂလီ ၁၀၀ ကျော် သေဆုံးကြောင်းနှင့် ဘင်္ဂလာ ရေတပ်ဖွဲ့မှ ၃၀ ကျော် ကယ်တင်ရရှိခဲ့ကြောင်း ဒေသသတင်းများက ဆိုသည်။
 
ဘင်္ဂလာ BGB တပ်ဖွဲ့များ အနေဖြင့် ယမန်နေ့ကအထိ ရခိုင်ပြည်-ဘင်္ဂလာ နယ်စပ်မငြိမ်သက်မှုကြောင့် နယ်စပ်မှတ်တိုင် ၅၁ ဒေသအတွင်းတွင် နယ်မြေသန့်ရှင်းရေး စစ်ဆင်ရေးများ ပြုလုပ်လျက်ရှိနေပြီး ဆက်လက်၍ နယ်စပ်မှတ်တိုင် အနီးအနားများသို့ သွားရောက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
ယင်း BGB စစ်ဆင်ရေးမှာ ဘင်္ဂလာအခြေစိုက် အမည်မသိ မြန်မာ့အတိုက်အခံတပ်ဖွဲ့တခုမှ ရခိုင်ပြည်နယ်စပ်တွင် လမ်းဖေါက် လုပ်နေသော GE တပ်ဖွဲ့ဝင်များအား နိုဝင်္ဘာ ၆ ရက်နေ့က ခိုအောင်းပစ်ခတ်မှုကြောင့် တဦးပွဲချင်း သေဆုံးခဲ့ပြီး ၃ ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့မှုနှင့် ပတ်သက်၍ နယ်စပ်အတွင်း လုံခြုံရေးယူထားခြင်းဖြစ်သည်။
 
မြန်မာစစ်တပ်အနေဖြင့် ယင်းတို့၏ နိုဝင်္ဘာလ ၆ ရက်နေ့ကတည်းက ဖမ်းဆီးခေါ်ဆောင်ခံ GE တပ်သားများအား သက်ဆိုင်ရာ နယ်မြေပိုင်ရှင် ဘင်္ဂလာက ရှာဖွေအပ်နှံရန် ပန်ကြားထားကြောင်းနှင့် မပေးနိုင်ပါက သောင်းကျန်းသူများရှိသော ဘင်္ဂလာပိုင်နက်သို့ ၀င်ရောက်ရှာဖွေသွားမည်ဖြစ်ကြောင်း ကမ်းလှမ်းထားသည်။
 
ဘင်္ဂလာ အာဏာပိုင်က ရခိုင်ပြည်အတွင်း ကျူးကျော်သောင်းကျန်းသူများက စတင်သည့် အကြမ်းဖက်မှု ကာလတလျှောက်တွင် ၎င်းတို့နယ်စပ်များအတွင်း လုံခြုံရေးများ ထူထပ်စွာ စောင့်ကြပ်ချထားလျက်ရှိသည်။
ဘင်ဒရိုဘင်ခရိုင် နတ်ချောင်းဆရီမြို့နယ်အတွင်း ရခိုင်ပြည်-ဘင်္ဂလာ နယ်စပ်မှတ်တိုင် ၅၁ အနီးရှိ ရခိုင်ကျေးရွာများမှာ မငြိမ်မသက်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံတဦးက သတင်းပေးပို့ထားသည်။
 
"လိမ္မော်ဆရီ BGB စခန်းမှာ နစက ကလာပြီး ၈ ရက်နေ့က အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်၊ နစကက သူတို့စစ်သား ၃ ဦးကိုရှာဖွေပေးပို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်၊ အဲဒါ ကုလားသောင်းကျန်းသူက ရွာကိုလာပြီး အမျိုးမျိုး ခြိမ်းခြောက်နေပါတယ်၊ ရှိတဲ့ဖုံန်းတွေကို သိမ်းယူသွား ပါတယ်၊ ယောင်္ကျားတွေကို ဖမ်းဆီးခေါ်ဆောင်ခြင်းတွေ ရှိပါတယ်၊ BGB တွေက ဖြေရှင်းကူညီပေးပါတယ်၊ ဒါပေမဲ့ အခုကရွာမှာ မနေရဲလို့ ကလေးတွေနဲ့ အမျိုးသမီးတွေကို ဆွေမျိုးဆီ ပို့ထားသူတွေ ရှိပါတယ်၊ လယ်ခင်းယာတွေကို မပြုစုနိုင်တော့ အခက်အခဲပေါ့။"ဟု အမည်မဖေါ်လိုသူ အမျိုးသမီးတဦးက ရှင်းပြသည်။
 
ဘင်္ဂလာ ကော့စ်ဘဇားခရိုင် ရာမူး (ပန်းဝါမြို့)နယ်အား အကြမ်းဖက်သောင်းကျန်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူများကို သက်ဆိုင်ရာက ဖမ်းဆီးရန် ရှာဖွယ်နေကြောင်း၊ ယင်းတရာခံများမှာ တောအတွင်း တိမ်းရှောင်နေကြကြောင်း၊ ဆက်လက်အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများ ရှိနေသေးကြောင်းနှင့် တောင်တန်းဒေသရှိ ရခိုင်၊ သက်၊ မာရာမာ၊ ဒိုင်းနက် စသော ဗုဒ္ဓဘာသာဝင် ဒေသခံများမှာ ယခုအခါ တခြားအတည်မပြုနိုင်သေးသော ကောလဟာလ သတင်းများကြောင်း စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိနေသည်။
Arakantimes

0 comments:

Post a Comment