Pages

Wednesday, November 14, 2012

ဟင်္သာတတက္ကသိုလ် တာဝန်ခံ ဒုပါချုပ် နှင့်  ငွေစာရင်းဌာန မှ ဌာနမှူး ဒေါ်ရီရီမြင့် တို့ ၏ လက်ကျိတ်ထိုး မှု့ များ

 
ဟင်္သာတတက္ကသိုလ်မှ အတွင်းရေးတစ်စိတ်တစ်ဒေသများ ယခုအခါ ဟင်္သာတတက္ကသိုလ်ကြီးတွင် ခန်းညားထည်ဝါသော အဆောက်အဦ အသစ်ကြီးများကို တည်ဆောက် လျှက်ရှိနေပါ သည်။နိုင်ငံ တစ်ဝန်းလုံးရှိ တက္ကသိုလ်များတွင်အဆောက်အဦ များတည်ဆောက် လျှင်ပွင့်လင်းမြင် သာစွာရှိစွာပင်နိုင်ငံပိုင်သတင်းစာများမှတင်ဒါများခေါ်ယူပြီး တည်ဆောက် လျှက်ရှိသော် လည်း ဟင်္သာတ တက္ကသို လ်မှ တာဝန်ခံဒုပါချု ပ်နှင့် ငွေစာရင်းဌာနမှ ဌာနမှူး ဒေါ်ရီရီမြင့်တို့ ၏လက်ကျိတ် ထိုး ဆောင်ရွက်မှုဖြင့်ဆောက်လုပ်ရေးဦးစီးဌာနမှဆောက် လုပ်ခွင့်ရပြီးအပြင်ကန်ထရိုက်များကိုလက် ကျိတ်ထိုး ပြန်လည်ပေးအပ်နေပါသည်။ 
ထိုအဆောက်အဦးအတွက် ခွင့်ပြုငွေမှာ ကျပ်သိန်းပေါင်း တစ်သောင်းကျော် ရှိပြီး ယခု အခငွေတစ်ဝက် အားခွင့်ပြု ချထားပြီးဖြစ်ပါ သည်။ ထိုလုပ်ငန်းများ ကိုရရှိရန်အတွက် ကန်ထရိုက်များ သည်မူရင်းဆောက်လုပ်ရေးလုပ်ငန်းနှင့်ပူးပေါင်း ရုံ သာမ ကဒေါ်ရီရီမြင့် အားငွေကြေး များပေးပြီး တည်ဆောက်ရေးလုပ်ငန်း များကိုရရှိရန်ဝင် ထွက်လုပ်ကိုင်နေပါသည်။ ထိုရရှိသော ငွေကြေးများထဲမှ တစ်ချို့တစ်ဝက်ကို ပါချုပ်နှင့်ဝေမျှ စားပြီး၊တစ်ချို့တစ်ဝက် ကိုအဆညမှ အထက် လူကြီးများအားကန်တော့ငွေအဖြစ်ပေးရပါသည်။
 
ပါချုပ်ရုံးခန်းအတွက် AirCon ကို အထက်မှခွင့်ပြုငွေမကျသော်လည်း ဒေါ်ရီရီမြင့်မှ စေတနာ သဒ္ဒါတရားထက်သန်စွာဖြင့်တပ်ဆင်ပေးပါသည်။ထိုအမျိုးသမီးသည်ထိုတက္ကသိုလ်တွင် ၀န်ထမ်းငယ်ဘ၀မှ ယခုရာထူးအထိတိုင်တာဝန်ထမ်းဆောင်နေပြီးခေတ်အဆက်ဆက်ပါမောက္ခချုပ်များ ကိုငွေစာရင်းများ အစဉ်ပြေအောင်လုပ်ကိုင်ဖန်တီးပေးနေသောကျွမ်းကျင်(စာရင်းလိမ်) ပညာရှင်ဖြစ်ပါ သည်။
 
ရာထူး အမျိုးမျိုးတက် သော်လည်းမည်သည့်နေရာကိုမှမပြောင်းရွှေ့ရအောင်အထက် လူကြီးများ ကိုပေး ကမ်းပြီးနေ သူဖြစ်သည်။လူ ကြီးများနှင့်ပိုင်သဖြင့် မိမိယောင်္ကျားကို ပင်မိမိအောက် တွင်ပြန်လည် တာဝန်ကျစေ ရန်ဆောက်ရွက် ခဲ့ပြီး ကျောင်း အတွင်းရှိငွေစာရင်းများ ကိုကိုယ်တိုင်စိတ်ထင်တိုင်းဆောင် ရွက်ပြီးအထက် ကိုဝေမျှကျွေး ၍(တိုင်းဒေသကြီး ၀န်ကြီးသုံးစားမရ သူဦးစိုးမြင့်ကိုပိုင် သည်ဟုဆိုကာ)အောက်ခြေမှ ၀န်ထမ်းများကို  ဖိနှိပ်နေသူဖြစ်သည်။
 
 ကျောင်းမှGEC၀န်ထမ်း သက်သာရန်ပုံငွေနှင့် အခြားငွေစာရင်းများ ကိုခေါင်းစဉ်ပြောင်း၍ အပြင်တွင်ငွေတိုး ချေးစားနေသူဖြစ်ပါသည်။ထို GECငွေကြေးများ ကို မည်သည့်အောက်ခြေ၀န် ထမ်းများမှမခံစားခဲ့ ဘူးပါ။ 
 
စာရင်းစစ်များလာရောက်စစ်လျှင်လည်းထိုစာရင်းစစ်များကိုပေးကမ်း၍အ စဉ်ပြေအောင်ဆောက်ရွက်နေ
သော ကြောင့်မည်သည့်ပြသနာမျှမတက်ခဲ့သူဖြစ်သည်။
 
အထက်ဖော်ပြကိစ္စများကိုဟင်္သာတက္ကသိုလ်ရှိမည်သည့်ဝန်ထမ်းကိုမဆိုတစ်ယောက် ချင်းခေါ်ယူစစ်ဆေး
လျှင်(မိမိတို့အားပြသနာပြန်မရှာလျှင်)အမှန်ဖွင့်ပြောပြမည့်သူများရှိနေပါသည်။ထိုသို့သောဝန်ထမ်းများ ရှိ
နေသောကြောင့်နိုင်ငံတော်မှဘတ်ဂျက်ငွေများဆုံးရှုံးနစ်နာသည့်အပြင်လာဘ်ပေး လာဘ်ယူတိုက်ဖျက်ရေး
ဆောင်ရွက် ရာတွင် အောင်မြင်မည်မဟုတ်ပါ။
 
ဒီမိုဝေယံ

0 comments:

Post a Comment