Pages

Wednesday, November 14, 2012

မိုးကုတ်မြို့ မှာ ငလျှင်လှုပ် ပြီးနောက် ဗုဒ္ဓရုပ်ပွားတော် (ငွေ ရုပ်ပွားတော်) ၃- ဆူ ပေါ်ထွန်းခြင်း


နိုဝင်ဘာလ ၁၄ ရက်

၁၃၇၄-ခုနှစ် သီတင်းကျွတ် လဆန်း-၁၂ရက် တနင်္ဂနွေနေ့၊ ငှင်းနေ့ရက်သည် မြန်မာပြည် ရွှေဘိုမြို့ အရှေ့မြောက်ဘက် ၄၅ မိုင်အကွာကို ဗဟိုပြုကာ မဟာပထ၀ီ(မြေငလျှင် တုန်လှုပ်မှုကြီး) ဖြစ်ပေါ် ခဲ့ သည်။ မြေငလျှင်တုန်လှုပ်မှုသည်သက်ရှိလူသားများနှင့်သတ္တ၀ါ အပေါင်းတို့၏ နာဘေး၊ သေဘေး (ဥပစ္စေဒ ကကံ) အသက် အန္တရာယ်များ ဖြစ်ပေါ်စေခဲ့ရာ သက်ရှိ သက်မဲ့ ဖြစ်သောအသက် အိုးအိမ် တိုက်တာ ယာဉ် စသော အသုံးအဆောင် ပစ္စည်းများ ပျက်စီးဆုံးရှုံး စေသည့် သဘာဝ အန္တရာယ်ပင်ဖြစ်သည်။ 

သို့သော်လည်း မိုးကုတ်မြို့ အနောက်ပိုင်း ရန်ကြီးအောင်ရပ် ဘုံသီတာ ပရိယတ္တိ စာသင်တိုက် အနေဖြင့် ထူးဆန်း မှု တစ်ရပ် ဖြစ်ပေါ်လာခဲ့ပေသည်။ ဘုံသီတာ စာသင်တိုက် အတွင် ရှေးယခင်မှ တည်ထား ကိုး ကွယ် တော်မူသော စေတီဟောင်းများ အနက် စေတီဟောင်း တစ်ဆူမှ နံနက် ၇ နာရီ ၄၅ မိနစ် ခန့် အချိန် တွင် မြေငလျှင် တုန်လှုပ်မှု ဖြစ်ပေါ်ခဲ့ ပြီးနောက် ဗုဒ္ဓရုပ်ပွားတော် (ငွေ ရုပ်ပွားတော်) ၃- ဆူ ပေါ်ထွန်းခဲ့ ပါ သည်။

 
မိုးကုတ်မြို့နယ် သူတော်စင်အားလုံးတို့မှ ဗုဒ္ဓပူဇနိယမင်္ဂလာပြုခြင်း တို့ကြောင့် မြေငလျှင် တုန်လှုပ်မှု သည် သဘာဝ အန္တရာယ် ဖြစ်သော်လည်း မိုးကုတ်မြို့ တစ်နေရာမှာတော့ သဘာဝက ပေးသော ဗုဒ္ဓပူဇနိယ မင်္ဂလာ ကုသိုလ်ထူးပင် ဖြစ်နေကြောင်း မိုးကုတ်မြို့ ခံများက ပြောပါသည်။ 


Infinity Power

0 comments:

Post a Comment