Pages

Wednesday, November 14, 2012

အရစ်ကျစနစ်ဖြင့် ရောင်းချသည့် မိုဘိုင်းဖုန်းအလုံးရေ (၆)သိန်းကျော်ရှိလာ


GSM မိုဘိုင်းဖုန်းများအား မြန်မာနိုင်ကျေးလက်ဒေသများတွင် အရစ်ကျစနစ်ဖြစ် ရောင်းချပေးလျှက် ရှိပြီး
၊ နိုဝင်ဘာလဆန်းပိုင်း အထိ မိုဘိုင်းဖုန်းအလုံရေ(၆)သိန်းကျော် ရောင်းချပေးပြီးဖြစ်ကြောင်းမြန်မာ့ဆက်
သွယ်ရေး လုပ်ငန်းက သိရှိရသည်။

ကျွန်တော်တို့ဆက်သွယ်ရေးအနေနဲ့က ကျေးလက်နေပြည်သူတွေကို မိုဘိုင်းဖုန်း(၉)သိန်းနီးပါးလောက် ရောင်းချပေး ဖို့ ဆောင်ရွက်နေတယ်ဟု မြန်မာ့ဆက်သွယ်ရေးမိုဘိုင်းအင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။
 
 
ကျေးလက်နေပြည်သူများ မိုဘိုင်းတယ်လီဖုန်းများ မိုဘိုင်းဖုန်း သုံးစွဲနိုင်ရေးအတွက် အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျှက်ရှိရာ ကွန်ရက် လွှမ်းခြုံမိသည့် ကျေးရွာပေါင်း (၇၀၅၈)၊ အိမ်ခြေ (၂၁၇၅၆၀၀)၊ လူဦးရေ (၁၁၅၇၁၀၈၇) ရှိ ကြောင်း၊   ကျေးလက်နေပြည်သူများအတွက် မိုဘိုင်ဖုန်း စုစုပေါင်း (၈၉၉၁၀၈) ရောင်းချပေးရန်ဆောင်ရွက်လျက်ရှိပြီး   နိုဝင်ဘာလ(၂)ရက်နေ့အထိ မိုဘိုင်းဖုန်းပေါင်း (၆၂၅၃၃၁) လုံး ရောင်းချပြီး သုံးစွဲလျက်ရှိကြောင်း သိရသည်။
 
 
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်သွယ်ရေးကဏ္ဍမှဆောင်ရွက်လျှက်ရှိသည့် အစီအစဉ်ဖော်ပြချက်များအရ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရှိရသည်။
 
 
၎င်းအပြင် GSM/UMTS မိုဘိုင်းဖုန်း တိုးချဲ့ရေးစီမံကိန်း ပထမနှစ် လိုင်း(၄) သန်း တိုးချဲ့တပ်ဆင်ရေး စီမံကိန်း တွင် မိုဘိုင်းစခန်းပေါင်း(၁၄၁၃)ဖြင့် တည်ဆောက်ရန် တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်းကိုလည်းသိရသည်။
 
 
လက်ရှိအချိန်တွင်တစ်နိုင်ငံလုံးအနေဖြင့် မိုဘိုင်းတယ်လီဖုန်း ကွန်ရက် (၈၀) ရာခိုင်နှုန်းရောက်ရှိနေပြီ ဖြစ်သည်။
 
 
အများပြည်သူသုံး တယ်လီဖုန်း (PCO) များလည်း ဖွင့်လှစ်ပေးလျှက်ရှိရာ ယခုအခါ (PCO) တယ်လီဖုန်း စုစုပေါင်း (၂၅၉၅၉) လုံးရှိပြီး၊ ၎င်းအနက် ကျေးလက်ဒေသများတွင် တပ်ဆင် ပေးထားခဲ့သော PCO တယ်လီဖုန်းအလုံးရေမှာ (၁၇၇၃၀)လုံးရှိပြီဖြစ်သည်။
 
 
ကျေးလက်ဒေသအထိ ရောက်ရှိနိုင်သည့် Mobile Payment နှင့် Mobile Banking စနစ်များအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့်နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းကိုလည်း သိရသည်။


မြစ်မခသတင်း
 

0 comments:

Post a Comment