Pages

Tuesday, November 13, 2012

ပေါ်တိုကစားသမား ရိုဒရီဂွတ်ဇ်အား မန်ယူ ကမ်းလှမ်းရန် ပိုမိုနီးစပ်လာ

ပေါ်တိုကစားသမား ရိုဒရီဂွတ်ဇ်အား မန်ယူ ကမ်းလှမ်းရန် ပိုမိုနီးစပ်လာ

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပေါ်တို တောင်ပံတိုက်စစ်ကစားသမားလေးဂျိမ်းစ်ရိုဒရီဂွတ်ဇ်အား
သတ္တမ အကြိမ်မြောက် လေ့လာ စောင့်ကြည့်ပြီးနောက် ၎င်းအား ဝယ်ယူရန် ပိုမို နီးစပ်လာနေကြောင်း သိရ
သည်။
လူးဝစ်နာနီကို ရောင်းထုတ်ဖြစ်ပါကတိုက်ရိုက်အစားထိုးနိုင်ရန်အတွက်လူသစ်ရှာဖွေနေသည့်မန်ယူအသင်း
မန်နေဂျာဆာအဲလက်စ်ဖာဂူဆန်သည်အသက်(၂၁)နှစ်ရှိ ကိုလံဘီယာလက်ရွေးစင်လေးအားအထူးတလည်
မျက်စိကျလျှက် ရှိနေသည်။

ပေါ်တူဂီ ကလပ်အသင်းက ၎င်းတို့၏ ပါရမီရှင်လူငယ်လေးအတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၃၆)
သန်းထိ သတ်မှတ်ထားသည်။ မန်ယူသည် ပေါ်တူဂီလက်ရွေးစင်နာနီနှင့်စာချုပ်ကိစ္စ ဆွေးနွေးမှု အဆင်မပြေ
သည့်နောက် ၎င်းကို ရောင်းထုတ်ကာ ရိုဒရီဂွတ်ဇ်နှင့် အစားထိုးဖွယ် ရှိနေသည်။

ဘယ်ခြေကို အားပြု ကစားလေ့ရှိသော ရိုဒရီဂွတ်ဇ်သည် တောင်အမေရိက၏ ခရစ္စတီယာနို ရော်နယ်လ်ဒို
အဖြစ် တင်စားညွှန်းဆိုခြင်း ခံရသူလည်း ဖြစ်သည်။

ပေါ်တိုသည် မန်ယူက အမှန်တကယ်ကမ်းလှမ်းမှု ပြုလုပ်လာပါကရိုဒရီဂွတ်ဇ်အတွက် မြင့်မားသော ဈေးနှုန်း
မျိုး တောင်းဆိုဖွယ် ရှိနေသည်။ မန်ယူသည် နောက်ဆုံးတစ်ကြိမ် ချဉ်းကပ်စဉ်က ရိုဒရီဂွတ်ဇ်အတွက် ပေါင်စ
တာလင် (၂၄)သန်းထိ ဈေးပေးခဲ့သော်လည်း ထိုစဉ်က ပေါ်တိုက ငြင်းဆန်ခဲ့သည်။

လတ်တလောတွင် မန်ယူသည် တောင်ပံတိုက်စစ် နေရာအတွက် ခရစ္စတယ်လ်ပဲလေ့စ်မှဝီလ်ဖရိုက်ဒ်ဇာဟာ
ကိုလည်း လေ့လာနေဆဲဟု သိရှိရသည်။

Source: DailyMail, Planet Myanmar

0 comments:

Post a Comment