Pages

Tuesday, November 13, 2012

ဆရာတော် ဦးဝီရသူမှ ရခိုင်ဒုက္ခသည်စခန်းသို့ ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း

မြောက်ဦးမြို့အလိုတော်ပြည့်ကျောင်းတိုက်အတွင်းရှိရခိုင်ပြည်နယ်ပဋိပက္ခများကြောင့်ထွက်ပြေးလာသည့် ရခိုင်ပြည်သူများ နေထိုင်သည့် ဒုက္ခသည်စခန်းသို့ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာရကျောင်း တိုက် ဆရာတော် ဦးဝီရသူမှ ပဲ ၂၄၀ ပိသာ၊ ငါးခြောက် ၈၃ ပိသာ၊ အာလူး ၁၂၀ ပိသာ၊ ကြက်သွန်နီ ၅၀ ပိသာ၊ ကြက်သွန်ဖြူ ၂၅ ပိသာ၊ ကြာဇံ ၅၀ ပိသာ၊ ခေါက်ဆွဲ ၁၃၂ ပါကင်၊ ဘေထုပ် (အကြီး) ၂၀ ထုတ်၊ ဘေထုပ် (အသေး) ၆၁ ထုပ်၊ စက္ကူဖြင့် ထုပ်ထားသော အဝတ်အထည်ပုံး ၅ ပုံး၊ ဆေးဝါးပစ္စည်း ၂ ပုံး ၊ အိုးခွက်ပန်းကန် ၃၁စုံတို့အား လှူဒါန်းခဲ့ရာ မြောက်ဦးမြို့ အလိုတော်ပြည့်ဆရာတော် ဦးတေဇသာရမှ လက်ခံရယူပြီး၊ မြောက်ဦးမြို့ ဦးခေါင်းဆရာတော် ဦးဝဏသာရမှ သြဝါဒစကားချီးမြှင့်ကာ လှူဒါန်းသော ပစ္စည်းများကို လက်ခံရယူ သာဓုအနုမောဒနာ ခေါ်ဆိုခဲ့ကြကြောင်း သတင်းရရှိသည်။ 

ယခုအခါ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ချုပ်ငြိမ်းကာ တည်ငြိမ်အေးချမ်းမှု ရှိနေပြီဟု ဆိုနိုင်သော်လည်း ဒုက္ခသည်စခန်းများတွင် သောက်သုံးရေ၊ အဝတ်အထည်၊ အစားအသောက် ရိက္ခာများ အလွန်လိုအပ်လျှက်ရှိနေကြောင်း သိရှိရပါသည်။ —


Photo From :Burma VJ Media Network

0 comments:

Post a Comment