Pages

Tuesday, November 13, 2012

မန္တလေးဆေးရုံရောက် ငလျင်လူနာများ အခြေအနေ တိုးတက်၊ ဆေးကုသစရိတ်နှင့် ဆေးဖိုးဝါးခ အကူအညီလိုအပ်နေ

ငလျင်ဒဏ်ကြောင့်ဒဏ်ရာရရှိ သူများမှ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသလျက်ရှိသော လူနာ ၁၀ ဦးနှင့် မန္တလေးအရိုးအထူးကုဆေးရုံကြီးတွင်၆ဦးရှိပြီး၎င်းတို့အခြေအနေမှာပိုမိုကောင်းမွန်လာကြောင်း သတင်းရရှိ
သည်။
သို့သော်လူနာအများစုမှာငွေကြေးမပြည့်စုံသူများဖြစ်သောကြောင့်ဆေးကုသစရိတ်နှင့်ဆေးဖိုးဝါးခမှာ ၄င်း
တို့အတွက်အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။

အရေးပေါ်လူနာဌာနတွင်၂ယာက်၊ခွဲစိပ်ရုံ(၃)တွင်၎ယောက်၊သွားနှင့်ခံတွင်းဌာနတွင်၁ယောက်၊ ဦးနှောက်
အာရုံကြောခွဲစိပ်ဌာနတွင်၃ယောက်တက်ရောက်ကုသနေသည်ဟုငွေကြေးသွားရောက်ကူညီလှူဒါန်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မန္တလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးက “ဒီရောက်လာတဲ့ လ နာတွေ တော်တော်များများ သက်သာပါတယ်။ သပိတ်ကျင်း၊စဥ့်ကူးက်ကိုလည်းခွဲစိပ်အထူးကုဆရာဝန်ကြီးတွေကွင်းဆင်းကုသပေးနေတယ်။လိုအပ်တာ
တွေ လုပ်ပေးနေပါတယ်” ဟု ပြောသည်။

သပိတ်ကျင်းမြို့နယ်ကဘဲ့ရပ်ကွက်မှဆယ်တန်းကျောင်းသူမကြည်ပြာအသက်၁၇နှစ်သည် ထိုင်နိုင်နေပြီဖြစ်
သည်။ သပိတ်ကျင်းမြို့နယ်မှ ဘုရားရှိခိုးရင်း ဘုရားစင်မျက်နှာကျက်ပြိုကျကာ ပိမိသူ ပညာရေးမှူးအငြိမ်းစား အသက် ၇၉ နှစ်အရွယ် ဦးဘသိန်းမှာ ယနေ့ထိ သတိမရသေးပေ။ စဥ့်ကူးမြို့နယ် နွယ်ရုံရွာမှ ငလျင် လှုပ်ချိန် ထင်းခုတ်ရင်းတောင်ပေါ်မှလိမ့်ကျကာခိုက်မိသူအသက်၃၆နှစ်အရွယ်ကိုသန်းလွင်ဦးမှာ ခေါင်းကိုထိသွားခဲ့ပြီး ယနေ့ထိ သတိမရသေးပေ။

မန္တလေးအရိုးအထူးကုဆေးရုံကြီးတွင်လူနာ၆ဦးဆေးကုသမှုခံယူခဲ့ပြီး လူနာ ၁ ဦး သက်သာ၍ ဆင်းသွားပြီဟု တာဝန်ကျသူနာပြုများထံမှသိရသည်။ယခုနောက်ဆုံးအရိုးအထူးကုဆေးရုံကြီးတွင်လူနာ၅ ဦး ဆေးကုသမှုခံ
ယူနေ ပါသည်။

သို့သော်လူနာအများစုမှာငွကြေးမပြည့်စုံသူများဖြစ်ပြီးဆေးဖိုးဝါးခနှင့်အခြားကုန်ကျစရိတ်ကြောင့်
 ငွေကြေး
အခက်အ ခဲကြုံနေရသည်။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ လူနာတစ်ဦးလျှင် ကျပ်ငါးသောင်း၊ ၀မ်းတူဝမ်း (one to one) အဖွဲ့ မှ (၄၂၅၀၀) လေးသောင်းနှစ်ထောင့် ငါးရာစီလာရောက် ထောက်ပံ့သွားကြောင်း သတင်းရရှိသည်။
 

0 comments:

Post a Comment