Pages

Tuesday, November 13, 2012

ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယ ခရီးစဉ် တိုက်ရိုက်တင်ဆက်မှု

inside
မြန်မာ့ဒီမိုကေ ရစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် သည် အိန္ဒိယ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ မစ္စဆိုနီယာဂန္ဓီ၏ ဖိတ်ကြားချက်အရ ဂျဝါဟာလာနေရူး အထိမ်းအမှတ် ဟောပြောပို့ ချမှုပြုရန်အတွက် အိန္ဒိယနိုင်ငံသို့ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ရက်နေ့ညက ရန်ကုန်မြို့မှ စတင်ထွက်ခွါသွားခဲ့သည်။
ခြောက်ရက်တာ ကြာမြင့်မည့် ခရီးစဉ်တွင် အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော ဝန်ကြီးချုပ် ပဏ္ဍစ်ဂျဝါဟာလာနေရူး၏
မွေးနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့၌ ဗီဂျရာခန်းမကြီးတွင် ဟောပြောပို့ချမှု ပြုလုပ်မည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဒု-သမ္မတနှင့်တွေ့ဆုံပြီး လွှတ်တော်သို့သွားရောက်ကာ အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံမည်ဖြစ်သည်။

၁၉၆ဝ ခုနှစ်များက နိုင်ငံရေးသိပ္ပံပညာ လေ့လာဆည်းပူးခဲ့သော Lady Shri Ram အမျိုးသမီးကောလိပ်သို့
နိုဝင်ဘာလ ၁၆ ရက်နေ့တွင် သွားရောက်ကာ ယခုခေတ် ကျောင်းဆရာမများနှင့် ကျောင်းသူလေးများအား
တွေ့ဆုံပြီး ဒေလီရှိ မြန်မာများနှင့်လည်း Oxford Senior Secondary School တွင် တွေ့ဆုံမိန့်ခွန်းပြောကြားမည်
ဖြစ်သည်။ ထိုနေ့တွင်ပင် ဒေလီမြို့အနီးရှိ အထူးစီးပွားဖွံ့ဖြိုးရေးဇုန်တခုဖြစ်သည့် ဂူရ်ဂေါင်းမြို့မှ စွမ်းအင်နှင့် အရင်းအမြစ်များဆိုင်ရာ သိပ္ပံကျောင်း The Energy and Resources Institute (TERI) သို့ သွားရောက်လေ့လာ ဦးမည်ဖြစ်သည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၏ သတင်းနည်းပညာ (IT) မြို့တော်ဖြစ်သည့် ဘန်ဂလိုမြို့ရှိ သိပ္ပံနှင့် သတင်းနည်းပညာ ဝန်ဆောင်မှုတက္ကသိုလ် (Indian Institute of Science and the Infosys Campus) သို့လည်း နိုဝင်ဘာလ ၁၆ ရက်နေ့တွင် လေ့လာရေးခရီး သွားရောက်ဦးမည် ဖြစ်သည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင်မူ အန်ဒရာ ပရာဒက်ရှ်ပြည်နယ်ရှိ ကျေးလက်ဒေသများသို့ သွားရောက်ကာ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် အမျိုးသမီး စွမ်းရည်မြှင့်တင်မှု အစီအစဉ်များအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာ မည် ဖြစ်သည်။

နှစ်ပေါင်း ၄ဝ ကျော်အကြာတွင် ပထမဆုံး ပြန်လည်ရောက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယခရီးစဉ်ကို
နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အဆုံးသတ်မည် ဖြစ်သည်။

ခရီးစဉ် အသေးစိတ်ကို မဇ္ဈိမက တိုက်ရိုက် တင်ဆက် ထုတ်လွှင့်ပေးသွားမည် ဖြစ်သည်။

dasskleaveindia
(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
dasskleaveindia1
(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
dasskleaveindia2
(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
အိန္ဒိယနိုင်ငံသို့ ခြောက်ရက်ကြာ ခရီးစဉ် စတင်မည့် ဒေါ်အောင်ဆန်းစုကြည် အား ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၇း၎ဝ က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်။ 
 
နယူးဒေလီ (မဇ္ဈိမ) 

0 comments:

Post a Comment