Pages

Wednesday, October 17, 2012

မန္တလေး လေဆိပ်မှာ နိုင်ငံခြားသားတွေ အတွက် ဆိုက်ရောက် ဗီဇာ (Visa on Arrival )ထုတ်ပေးတော့မည်

မန္တလေးမြို့ အပြည်အပြည်ဆိုင်ရာ လေဆိပ်ကြီးမှာ     နိုင်ငံခြားသားတွေအတွက် ဆိုက်ရောက် ဗီဇာ (Visa on Arrival )   
ထုတ်ပေးပါတော့မယ်။အခုဆိုရင်ဆိုက်ရောက်ဗီဇာထုတ်ပေးဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီလို့ နေပြည်တော်ရှိလ၀က
ဝန်ကြီးဌာနကတာဝန်ရှိ သူပြောကြား ချက်ကို ကိုးကားပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားသတင်းက ဆိုပါတယ်။ မန္တလေးလေဆိပ်မှာဆိုက်ရောက်ဗီဇာထုတ်ပေးဖို့ကောင်တာတွေနဲ့ဝန်ထမ်းတွေကို အဆင့်သင့်ထားရှိထားပြီး ပြည်ပ
လေယာဉ် ဆိုက်ရောက်လာတဲ့အပေါ် ဘယ်လိုထုတ်ပေးရမယ်ဆိုတာ လေ့လာ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

 
မန္တလေး လေဆိပ်မှာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးဖို့ ကောင်တာ ၄ ခုနဲ့ ရိုးရိုးဗီဇာ ထုတ်ပေးမှုအတွက် ကောင်တာ ၄ ခု ထားပေးမှာဖြစ်တယ်။


အခုလို ဆိုက်ရောက်ဗီဇာထုတ်ပေးရတာကလည်း ပြည်ပ လေကြောင်းလိုင်းတွေအနေနဲ့ မန္တလေးလေဆိပ်
ကို တိုက်ရိုက် တိုးချဲ့ ပြေးဆွဲလာတာကြောင့်ဖြစ်ပါတယ်တဲ့။


အခုလက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာသာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျှက်ရှိရာက မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာပါ ထုတ်ပေးဖို့ဖြစ်လာတာပါ။

ဧရာဝတီသတင်း

0 comments:

Post a Comment