Pages

Wednesday, October 17, 2012

"ရန်ကုန်ဆေးရုံကြီး အာဆီယံအဆင့်မီရေး ခေတ်မီစက်ပစ္စည်းများနှင့် ကျွမ်းကျင်ဝန်ထမ်းများ လိုအပ်"

 
ရန်ကုန်ပြည်သူ့ဆေးရုံကြီးအားအာဆီယံအဆင့်မီဆေးရုံကြီးဖြစ်လာစေရန် အတွက် ခေတ်မီရောဂါရှာဖွေ
ရေးစက်ကိရိယာများနှင့် ကျွမ်းကျင်သော ကျန်းမာရေး ဝန်ထမ်းများအား နိုင်ငံတော်အပိုင်းမှ စဉ်ဆက်မပြတ် ဖြည့် ဆည်းပေးရန်လိုအပ်ကြောင်း အဆိုပါဆေးရုံကြီးမှ အထွေထွေရောဂါကု ပါမောက္ခဆရာဝန်ကြီးတစ်ဦးက ပြောသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးအ နေဖြင့် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်းတွင် အရှေ့တောင်အာရှ၌ကမ္ဘာ့စံချိန်
မီဆေးရုံကြီးတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ သည့်အပြင် အိမ်နီးချင်း နိုင်ငံများဖြစ်သော မလေးရှား၊ စင်ကာပူနိုင်
ငံများရှိ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများကပင် ရန် ကုန်ဆေးရုံကြီးသို့ လာရောက်အတုယူလေ့လာ
မှုများ ရှိခဲ့သည်ဟု ၄င်းက ယခင်အခြေ အနေကို ပြောသည်။ 
 
သို့သော် လက်ရှိတွင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းလာခြင်း၊ ရောဂါရှာဖွေရေးအပိုင်း၌ ခေတ်မီစက်
ပစ္စည်းများ နည်းပါးခြင်း နှင့် ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်း များ လျော့နည်းလာခြင်း စသည့် အဘက်ဘက်
မှ ချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်ပ အိမ်နီးချင်းနိုင်ငံများရှိ ပြည်သူ့ဆေးရုံများအား ပြန်လည်အား
ကိုးနေရပြီး ထို့ သို့ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံရှိ ဆရာ ဝန်များအနေဖြင့် အရည်အသွေးပိုင်း ညံ့ဖျင်းခြင်းကြောင့် မဟုတ်ဘဲ လိုအပ်သောဆေးဝါးနှင့် ရောဂါရှာဖွေရေး ပစ္စည်းကိရိယာများ၊ ကျွမ်းကျင်ဝန်ထမ်းများလုံလောက်
စွာ မရှိခြင်း တို့ကြောင့် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

''ကျွန်တော့်ရဲ့ ဆရာဝန်လုပ်သက် နှစ်ပေါင်း ၂ဝ ကျော်အတွင်း ကျွန်တော် တို့နိုင်ငံမှာရှိတဲ့ဆရာဝန် တွေအ
နေနဲ့ ဆေးပညာပိုင်းမှာ မညံ့ကြပါဘူး။ ဒါပေမဲ့ ခေတ်မီဖွံ့ဖြိုးတိုး တက်လာတာနဲ့အတူ ရောဂါတွေကလည်း ပိုများ လာတယ်။ 
 
အဲဒီလို ရောဂါတွေကို စမ်းသပ်စစ်ဆေးပြီး ကုသနိုင်ဖို့အတွက် ကျတော့ လိုအပ်တဲ့ ခေတ်မီရောဂါရှာဖွေရေး ပစ္စည်း ကိရိယာတွေက အလုံအလောက် မရှိတဲ့အပြင် အဲဒီစက်တွေကိုကိုင်တွယ်အသုံးပြုနိုင်မယ့်ကျွမ်းကျင်
ဝန်ထမ်းတွေကလည်း နည်းနေ တယ်။ တကယ်လို့ အစိုးရကသာ ရန်ကုန်ဆေးရုံကြီးမှာ လိုအပ်နေတဲ့ ခေတ်
မီရောဂါရှာဖွေရေးနှင့် ကုသရေး ပစ္စည်းတွေကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်မယ်။ ကျွမ်းကျင် ကျန်းမာ
ရေးဝန်ထမ်းတွေကိုလည်း မွေးထုတ်ပေးနိုင်မယ်ဆိုရင် ရန်ကုန် ဆေးရုံကြီးက အရင်ကလို အာဆီယံမှာ ထိပ်
တန်းအဆင့်ရှိ တဲ့ ဆေးရုံ ကြီးတစ်ခုအဖြစ် ပြန်ရောက်လာနိုင်တယ်''ဟု ၄င်းက ဆိုသည်။

ဆာကူရာ အထူးကုဆေးရုံမှ ဆေးရုံအုပ် ကြီး ဒေါက်တာအောင်ဇေ မိုးက မြန်မာနိုင်ငံရှိ ဆရာဝန်များအနေ
ဖြင့် ခေတ်မီရောဂါရှာဖွေရေး ကိရိယာများနှင့် ဆေးဝါးများအား ကိုင်တွယ်အသုံးပြုနိုင်သော်လည်း ထိုစက်
ပစ္စည်းကိရိယာများ ဖြည့်တင်းမပေးနိုင်သောကြောင့် ကျန်း မာရေးစောင့်ရှောက်မှုစနစ်မှာ နိမ့်ကျနေရခြင်း
ဖြစ်သည်ဟု ပြောသည်။ 
 
ဆက်လက်၍ ၄င်းက အထူးသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ထိုသို့ လိုအပ်ချက်များစွာရှိနေသည့်အတွက် လူအများစုမှာ ပုဂ္ဂလိက ဆေးရုံများသို့ အဓိက မှီခိုအားထား လာကြရခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဆေးပညာ
ပိုင်း ၌ ဆေးတက္ကသိုလ် အသီးသီးမှ ဆရာဝန်လောင်းများစွာအား ပေါများ စွာ မွေးထုတ်လျက်ရှိနေ သည့်အ
တွက် တကယ်တမ်း ရောဂါကုသရေးတွင် ကျွမ်းကျင်သောဆရာဝန်များစွာရှိသကဲ့သို့မကျွမ်းကျင်သောဆရာ
ဝန် များစွာလည်း ရှိလာကြောင်းသိရှိရသည်။
 
ထို့အတူ MRCP ကဲ့သို့ ဆေးပညာဆိုင်ရာ မဟာဘွဲ့ သင်တန်းများအား ပြည်ပသို့ စေလွှတ်သင်ကြားခြင်း ပြု
မှု မှာလည်း အလွန်နည်းပါးသည့်အတွက် MRCP ဘွဲ့ရရှိသူ ကျွမ်းကျင်ဆရာ ဝန်ကြီးများ အရေအတွက်မှာ
လည်း လျော့နည်းလာကြောင်း ပြောသည်။

ထို့ကြောင့် ရန်ကုန်ဆေးရုံကြီးကဲ့သို့ တစ်နိုင်ငံလုံးမှ မှီခိုအားထားနေရ သည့် ဆေးရုံကြီးအား အဆင့်ပြန်လည်
မြင့်တက်လာစေရန် အောက်ခြေ အဆင့်မှစ၍ ပြုပြင်ပြောင်းလဲမှု များနှင့် လိုအပ်ချက်များအား ဖြည့် ဆည်း
ပေးရန်လိုအပ်ကြောင်း ၄င်းက သုံးသပ်သည်။

0 comments:

Post a Comment