Pages

Wednesday, October 17, 2012

အင်းစိန်၊ ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်များမှ ကျူးကျော်များလည်း ဆန္ဒထုတ်ဖော်မည်

အစိုးရတာဝန်ရှိသူများအား ၎င်းတို့အရေးအတွက် အာရုံစိုက်လုပ်ကိုင်ရန် အင်းစိန်၊ ရွှေပြည်သာနှင့် လှိုင်သာ
ယာမြို့နယ်များမှ ကျူးကျော်များက ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းတို့ကပြောသည်။ အဆိုပါဆန္ဒ
ထုတ်ဖော်ပွဲကို လူအင်အား ၃၀၀ ခန့်ဖြင့် အောက်တိုဘာ ၂၁ ရက်တွင် အထက်ပါသုံးမြို့နယ်၌ ပြုလုပ်နိုင်ရန်
တောင်းခံထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးများထံ အောက်တိုဘာ၁၅ ရက်တွင် ခွင့်ပြုချက်တောင်းခံထား
ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်စီစဉ်သူ ဒေါ်မျိုးမျိုးအေးကပြောသည်။
“ဒီနေ့မှာ ကျူးကျော်တွေ လမ်းပေါ်တက်ပြီး သူတို့ဘ၀တွေအကြောင်းမပြောရင် တစ်နေ့နေ့မှာ ဘူဒိုဇာက ကျွန်မတို့ ခေါင်မိုးပေါ် ရောက်လာမယ်”ဟု ဒေါ်မျိုးမျိုးအေးကပြောသည်။

ကျူးကျော်များ အရေးအတွက် ဆန္ဒထုတ်ဖော်ရာတွင် ပိုင်ရှင်ရှိပြီးသားဖြစ်သည့် သူတစ်ပါး၏ ပိုင်နက်အတွင်း ၀င်ရောက်နေထိုင်သူများအား ကိုယ်စားပြုမည် မဟုတ်ဘဲ၊ စက်မှုဇုန်ဖော်ဆောင်ခြင်းများကြောင့် အတင်းအ
ဓမ္မ ရွှေ့ပြောင်းပေးရခြင်း၊ ၀င်ငွေနည်းပါးလွန်းခြင်းကြောင့် နေထိုင်စရာမရှိခြင်း စသည်တို့ကြောင့် ပလပ်
မြေများ၊ လူမနေထိုင်သည့် မြေလွတ်များတွင် အခြေချသူများ၏ အခွင့်အရေးအတွက်သာ ကိုယ်စားပြုမည်
ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျူးကျော်တာ နေစရာမရှိလို့။ ဒီကဖယ်ခိုင်းလည်း အခြားမှာနေရမှာဘဲ”ဟု ရွှေပြည်သာမြို့နယ်အတွင်းမှ ကျူးကျော်တစ်ဦးကပြောသည်။

ကျူးကျော်များအရေး ဆန္ဒထုတ်ဖော်ရန်အတွက် ယခုလအတွင်းက တစ်ကြိမ်ခွင့်ပြုမိန့် တောင်းဆိုခဲ့သော်
လည်း ပယ်ချခံခဲ့ရကြောင်း ဒေါ်မျိုးမျိုးအေးကပြောသည်။
 
 
7days News :

0 comments:

Post a Comment