Pages

Wednesday, October 17, 2012

တရုတ်သို့ လယ်ယာထွက်ကုန်များ နယ်စပ်ကုန်သွယ်ရေးဖြင့် တရားဝင်တင်ပို့ခွင့်ရတော့မည်

Photo: တရုတ်သို့ လယ်ယာထွက်ကုန်များ နယ်စပ်ကုန်သွယ်ရေးဖြင့် တရားဝင်တင်ပို့ခွင့်ရတော့မည်

ရန်ကုန်၊ အောက်တိုဘာ - ၁၁

မြန်မာ့လယ်ယာထွက်ကုန်များကို နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ကို နိုဝင်ဘာလနောက်ပိုင်းတွင် ရရှိမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကပြောကြားသည်။

“အခွန်သက်သက်သာသာနဲ့ ပို့နိုင်ဖို့ နန်နင်းကုန်စည်ပြပွဲမှာ သဘောတူညီမှုရခဲ့ပြီး၊ ရှေ့လကုန်လောက်ဆို ပို့နိုင်မှာပါ”ဟု ပြည်ထောင်စုဝန်ကြီးကပြောကြားသည်။

လက်ရှိ တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးဖြင့် ကုန်ပစ္စည်းများ တင်ပို့ရာတွင် မြန်မာနိုင်ငံဘက်မှ တရားဝင်ခွင့်ပြုထားသော်လည်း တရုတ်နိုင်ငံမှ ခွင့်မပြုသဖြင့် မှောင်ခိုအနေဖြင့်သာ တင်ပို့ရသည်။ ကုန်ပစ္စည်းများ ရောင်းချရာတွင်လည်း တရုတ်နိုင်ငံမှ ၀ယ်ယူသူ၏ ဂိုဒေါင်အရောက် တာဝန်ယူပို့ဆောင်ပေးရသည်။ တရုတ်နိုင်ငံအတွင်း၌ ကုန်ပစ္စည်းများ အဖမ်းခံရပါက ရောင်းချသူ မြန်မာနိုင်ငံဘက်မှသာ တာဝန်ယူရကြောင်း မူဆယ်ဆန်စပါးလုပ်ငန်းအသင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးမင်းသိန်းက လက်ရှိလုပ်ကိုင်နေရပုံကို ပြောသည်။

“ဒီလ ၈ ရက်နဲ့ ၉ ရက်မှာ ဆန်အိတ် ၂၀၀ ကျော်တင်လာတဲ့ ကားသုံးစီးအဖမ်းခံရတယ်”ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

ယခုနှစ် တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးဖြင့် ဆန်တင်ပို့မှုမှာ ပမာဏများလာသည်။ မြန်မာ့ဆန် အဓိကတင်ပို့နေသည့် အာဖရိကဈေးကွက်သို့ အိန္ဒိယမှ ၀င်ရောက်နေရာယူခဲ့သဖြင့် ဈေးနှုန်းများကျဆင်းပြီး တင်ပို့နိုင်ခြင်းမရှိပေ။ ထို့အပြင် ပြည်တွင်းငွေလဲနှုန်းမှာလည်း အချိန်အတော်ကြာ ကျဆင်းခဲ့သဖြင့် တရုတ်နယ်စပ်ကိုသာ အားထားရကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းကပြောသည်။

ထို့အပြင် ပြောင်းဆန်မှာလည်း မလေးရှား၊ အင်ဒိုနီးရှားတို့ကို တင်ပို့နိုင်မှု လျော့ကျခဲ့သည်။ ပြည်တွင်းဈေးထက် ပြည်ပဈေးက နိမ့်နေသဖြင့် တင်ပို့နိုင်ခြင်းမရှိပေ။ ထို့ကြောင့် မန္တလေး၊ ရှမ်းပြည်နယ်တို့မှ ပြောင်းများအပြင် ဧရာဝတီမှ ပြောင်းများပါ တရုတ်နယ်စပ်သို့ တင်ပို့နေရကြောင်း သိရသည်။

“တရားဝင်ဖွင့်ပေးမယ်ဆိုရင် ဒီသတင်းက ကျွန်တော်တို့အတွက် သတင်းကောင်းပဲ။ မျှော်နေတာကြာပြီ”ဟု ဦးမင်းသိန်းကပြောသည်။

လက်ရှိ တရုတ်နိုင်ငံတွင် ဆန်သစ်များ ပေါ်ချိန်ဖြစ်သဖြင့် ပြည်တွင်းမှ ရောက်ရှိလာသည့်ဆန်များ မူဆယ်ဂိုဒေါင်များတွင် ပြည့်နေသည်။ ပြည်တွင်းမှ နေ့စဉ် တရုတ်နယ်စပ်သို့ ဆန်အိတ် ၄၀၀၀၀ မှ ၅၀၀၀၀ ကြား ပုံမှန်ဝင်ရောက်နေသည်။ လက်ရှိ တရုတ်-မြန်မာငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀၀ လျှင် တရုတ်ငွေ ၇ ဒသမ ၅ ယွမ်ရှိကြောင်း သိရသည်။

မြန်မာ့လယ်ယာထွက်ကုန်များကို နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ကို နိုဝင်ဘာ
လနောက်ပိုင်းတွင် ရရှိမည်ဖြစ်ကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်
ကြီး ဦးဝင်းမြင့်ကပြောကြားသည်။“အခွန်သက်သက်သာသာနဲ့ ပို့နိုင်ဖို့ နန်နင်းကုန်စည်ပြပွဲမှာ သဘောတူညီမှုရခဲ့ပြီး၊ ရှေ့လကုန်လောက်ဆို ပို့နိုင်မှာပါ”ဟု ပြည်ထောင်စုဝန်ကြီးကပြောကြားသည်။

လက်ရှိ တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးဖြင့် ကုန်ပစ္စည်းများ တင်ပို့ရာတွင် မြန်မာနိုင်ငံဘက်မှ တရား
ဝင်ခွင့်ပြုထားသော်လည်း တရုတ်နိုင်ငံမှ ခွင့်မပြုသဖြင့် မှောင်ခိုအနေဖြင့်သာ တင်ပို့ရသည်။ ကုန်ပစ္စည်းများ
ရောင်းချရာတွင်လည်း တရုတ်နိုင်ငံမှ ၀ယ်ယူသူ၏ ဂိုဒေါင်အရောက် တာဝန်ယူပို့ဆောင်ပေးရသည်။တရုတ်
နိုင်ငံအတွင်း၌ ကုန်ပစ္စည်းများ အဖမ်းခံရပါက ရောင်းချသူ မြန်မာနိုင်ငံဘက်မှသာ တာဝန်ယူရကြောင်း မူ
ဆယ်ဆန်စပါးလုပ်ငန်းအသင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးမင်းသိန်းက လက်ရှိလုပ်ကိုင်နေရပုံကို ပြောသည်။

“ဒီလ ၈ ရက်နဲ့ ၉ ရက်မှာ ဆန်အိတ် ၂၀၀ ကျော်တင်လာတဲ့ ကားသုံးစီးအဖမ်းခံရတယ်”ဟု အထက်ပါပုဂ္ဂိုလ်
ကဆိုသည်။

ယခုနှစ် တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးဖြင့် ဆန်တင်ပို့မှုမှာ ပမာဏများလာသည်။ မြန်မာ့ဆန် အဓိက
တင်ပို့နေသည့် အာဖရိကဈေးကွက်သို့ အိန္ဒိယမှ ၀င်ရောက်နေရာယူခဲ့သဖြင့် ဈေးနှုန်းများကျဆင်းပြီး တင်ပို
့နိုင်ခြင်းမရှိပေ။ ထို့အပြင် ပြည်တွင်းငွေလဲနှုန်းမှာလည်း အချိန်အတော်ကြာ ကျဆင်းခဲ့သဖြင့် တရုတ်နယ်စပ်
ကိုသာ အားထားရကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုး
ထွန်းကပြောသည်။

ထို့အပြင် ပြောင်းဆန်မှာလည်း မလေးရှား၊ အင်ဒိုနီးရှားတို့ကို တင်ပို့နိုင်မှု လျော့ကျခဲ့သည်။ ပြည်တွင်းဈေး
ထက် ပြည်ပဈေးက နိမ့်နေသဖြင့် တင်ပို့နိုင်ခြင်းမရှိပေ။ ထို့ကြောင့် မန္တလေး၊ ရှမ်းပြည်နယ်တို့မှ ပြောင်းများ
အပြင် ဧရာဝတီမှ ပြောင်းများပါ တရုတ်နယ်စပ်သို့ တင်ပို့နေရကြောင်း သိရသည်။

“တရားဝင်ဖွင့်ပေးမယ်ဆိုရင် ဒီသတင်းက ကျွန်တော်တို့အတွက် သတင်းကောင်းပဲ။ မျှော်နေတာကြာပြီ”ဟု ဦးမင်းသိန်းကပြောသည်။

လက်ရှိ တရုတ်နိုင်ငံတွင် ဆန်သစ်များ ပေါ်ချိန်ဖြစ်သဖြင့် ပြည်တွင်းမှ ရောက်ရှိလာသည့်ဆန်များ မူဆယ်ဂို
ဒေါင်များတွင် ပြည့်နေသည်။ ပြည်တွင်းမှ နေ့စဉ် တရုတ်နယ်စပ်သို့ ဆန်အိတ် ၄၀၀၀၀ မှ ၅၀၀၀၀ ကြား ပုံ
မှန်ဝင်ရောက်နေသည်။ လက်ရှိ တရုတ်-မြန်မာငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀၀ လျှင် တရုတ်ငွေ၇ ဒသမ
၅ ယွမ်ရှိကြောင်း သိရသည်။
 
 
7days News:

0 comments:

Post a Comment