Pages

Wednesday, October 17, 2012

iPad Mini ကို မိတ်ဆက်ဖွယ်ရှိသည့် အခမ်းအနားဖိတ်စာ Apple ပေးပို့

iPad Mini ကို မိတ်ဆက်ဖွယ်ရှိသည့် အခမ်းအနားဖိတ်စာ Apple ပေးပို့

Apple ကုမ္ပဏီသည် အောက်တိုဘာ (၂၃)ရက်နေ့တွင်iPad Miniကိုမိတ်ဆက် ပြသရန်အတွက် ခြေတစ်လှမ်း
 တိုးလာခဲ့ပြီ ဖြစ်သည်။ သတင်းမီဒီယာ ဌာနများထံ ပေးပို့သည့် ဖိတ်စာတွင် အဆိုပါ အခမ်းအနား၌ ထုတ်
ကုန်သစ် မိတ်ဆက်မည့် အရိပ်နိမိတ်ကို အတည်ပြု ဖော်ပြထားသည်။
ကျွန်တော်တို့ဆီမှာ ခင်ဗျားတို့ကို နည်းနည်းလေး ပိုပြီး ပြစရာလေးတွေ ရှိနေပါတယ်"ဟုဖိတ်စာတွင် ရေး
သားထားကြောင်း သိရသည်။


(Apple ၏ဖိတ်စာတွင် ဖော်ပြထားသော စာသား)
ဆန်ဂျို့စ်တွင် ပြုလုပ်မည့် အထူးသီးသန့် အခမ်းအနားတွင် iPadအမျိုးအစား Tabletကွန်ပျူတာ၏ အသေးစား အရွယ်အဖြစ် ထုတ်လုပ်မည့် iPad Miniကို မိတ်ဆက်ပြသရန် Appleက တရားဝင် မကြေညာသော်လည်း လူ
တိုင်းသိပြီး ဖြစ်နေသည့် လျှို့ဝှက်ချက်အဖြစ် ရှိနေသည်။ Appleသည် ထိုပွဲတွင် လက်ရှိ iPad 3ထက် ပိုသေး
သော၊ ပိုဈေးသက်သာသော အငယ်စား Tabletလေးကို စတင် မိတ်ဆက်ရန် အသင့်ရှိနေသည်။

(အင်တာနက်တွင် ထွက်ပေါ်လျက်ရှိသည့် iPad Mini ဓာတ်ပုံ)
သို့သော်လည်း ဖိတ်စာ၏ သဘောအရ MacBook ကွန်ပျူတာ အမျိုးအစားသစ် တစ်ခုခုကိုဖြစ်စေ၊ Macကွန်
ပျူတာ အသေးစားမျိုးကိုဖြစ်စေ Appleက ပြသလာနိုင်ကြောင်း ခန့်မှန်းမှုများလည်း ထွက်ပေါ်နေသည်။

အင်တာနက် နည်းပညာဆိုင်ရာ ဝက်ဘ်ဆိုက်များက iPad miniသည် Screen အရွယ်အစား (၇.၈၅)လက်မ
ဖင့် ရောင်းချလာနိုင်ပြီး လက်ရှိ iPad 3၏Screenအရွယ်(၉.၇)လက်မထက် သေးငယ်မည်ဟုသုံးသပ်ခဲ့သည်။

Apple၏ iPad miniသည် ဈေးကွက်ထဲတွင် Microsoftမှ အသစ်ထုတ်လုပ်မည့် Surface Tabletများနှင့် Amazon
၏ Kindle Fireတို့ကို အဓိက ယှဉ်ပြိုင်သွားဖွယ် ရှိနေကြောင်း သိရှိရသည်။

Source: DailyMail

0 comments:

Post a Comment