Pages

Wednesday, October 17, 2012

ဖားကန့် (၅)မိုင်စခန်း၌ မိုင်းဗုံးပေါက်၍ သားအဖနှစ်ဦး ညာခြေထောက်ကိုယ်စီ ပြတ်တောက်



ဖားကန့်မြို့နယ်အတွင်းရှိ ဖားကန့်-ကားမိုင်း လမ်း ငါးမိုင်စခန်း တွင် ထောင်ထားသော မိုင်းဗုံးပေါက်ကွဲ၍ တာမခံရွာမှ န၀မတန်း ကျောင်း သူနှင့်၎င်း၏ ဖခင်နှစ်ဦးစလုံး ညာဘက်ခြေထောက်ပြတ်သွားကြောင်း သိရှိရသည်။အောက်တိုဘာလ(၁၆)ရက်နေ့ နံနက်လင်းအားကြီး (၅)နာရီ (၃၀)မိနစ်ကတာမခံရွာမှ ဦးဝင်းမြင့်ထွန်းနှင့် န၀မတန်းကျောင်းသူ မမေဇွန် လှိုင်တို့သည်မိခင် နာရေးကိစ္စအတွက်အိမ်သို့ ဆိုင်ကယ်ဖြင့်အပြန် (၅)မိုင် စခန်းအနီးတွင်  ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 “သူ့မိန်းမနာရေးကိစ္စအတွက် အပြန်လမ်းမှာ KIA စစ်တပ်က ထောင်ထားတဲ့ဗုံးပေါက်ပြီး ခြေထောက် ပြတ်
သွားတာ သူ့သမီးက ကိုးတန်းကျောင်းသူလေး”  ဟု တာမခံမှ ကိုစိန်ထွန်းက ပြောသည်။

အဆိုပါ သားအဖအား အောက်တိုဘာလ(၁၆)ရက်နေ့ ညနေပိုင်းတွင် မြစ်ကြီး နားဆေးရုံသို့ ပို့ဆောင် ကုသ ခံနေရကြောင်းကိုလည်း ဒေသခံများထံက သိရှိရသည်။

တာမခံရွာမှ မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ရာ၌လမ်းခရီးအခက်အခဲများကြောင့် မြစ်ကြီးနားသို့ညတွင်းချင်း
 မရောက်ပဲ နန့်ယား၌ ညအိပ် ရသည့်အတွက် အချိန်ကြာမြင့်ခဲ့ရကြောင်းကိုလည်း ကိုစိန်ထွန်က  ဆက်
ပြောသည်။

ယခုနှစ် စက်တင်ဘာလအတွင်းတွင်KIAနှင့်မြန်မာ့တပ်မတော်အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် န၀မတန်းကျောင်းသူ မဂျာဆိုင်းအိန် လည်း သေနတ်မှန်ကာ သေဆုံးခဲ့ရသည်။

ဖားကန့်မြို့နယ်တွင် ယခုနှစ်သြဂုတ်လ(၂၂)ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်ြး ဖစ်ပြီး အောက်
တိုဘာလဆန်းပိုင်း၌ တိုက်ပွဲများပြန်လည်ငြိမ်သက်သွားခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

“ပြီးခဲ့တဲ့လက တိုက်ပွဲတွေ တော်တော်ဖြစ်တယ် ဒလဆန်းပိုင်းမှာတော့  ပြန်ငြိမ်သွားတယ်’’ဟု ဖားကန့်NLD
ပါတီမှဦးဟန်မြင့်က ပြောသည်။

ကချင်ပြည်နယ်၌ (၁၇)နှစ်အကြာ အပစ်အခတ်ရပ်စဲခဲ့သော KIAနှင့်မြန်မာ စစ်တပ်ကြားစစ်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ၂၀၁၁ဇွန်လ(၉)ရက် ကတည်းကဖြစ်ပြီး ယခုအခါတစ်နှစ်နှင့်လေးလကြာမြင့်လာပြီဖြစ်သည်။


မြစ်မခမီဒီယာ

0 comments:

Post a Comment