Pages

Wednesday, October 17, 2012

ယနေ့ မန္တလေးမြို့တွင် လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် လူတစ်ဦးသေဆုံး

ယနေ့နံနက်(၁၀)နာရီခွဲအချိန်ကမန္တလေးမြို့ချမ်းမြသာစည်မြို့နယ်ဘောလုံးအကယ်ဒမီကျာင်းအနီး၇၂လမ်းနှင့် ငုဝါလမ်းထောင့်
တွင်လမ်း ကြိတ် စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။
အသက်(၄၄)နှစ်အရွယ် အမျိုးသားတစ်ဦး ငုဝါလမ်းမှ လမ်းပြုပြင်နေသော၇၂လမ်းသို့ ဆိုင်ကယ်နှင့်အကွေ့တွင် ဆိုင်ကယ်လဲသွားခဲ့
ကာ ဦးခေါင်းမှာလမ်းလုပ်ငန်းဆောင်ရွက်နေသော လမ်းကြိတ်စက် နောက်ဘီးအောက်သို့ရောက်သွားခဲ့သည်။ မျက်နှာကိုလမ်းကြိတ်
စက်ကြိတ်မိရာမှ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

ယာဉ်ထိန်းရဲများနှင့်စည်ပင်တာဝန်ရှိသူများရောက်ရှိလာခဲ့ပြီး ၄င်းအမျိုးသားခန္ဓာကိုယ်ကို ချမ်းမြသုခနာမှုကူညီရေးအသင်းက သယ်
ဆောင်သွားခဲ့သည်။ ဓာတ်ပုံ-ညီညီဇော်

7Day News Journal

0 comments:

Post a Comment