Pages

Wednesday, October 17, 2012

မကွေး NLD ပါတီဝင်များ ပြည်ခိုင်ဖြိုးပါတီသို့ အစုလိုက်ကူးပြောင်း

မကွေးမြို့နယ်မှအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များ၂၀၁၀အငြင်းပွားဖွယ်ရွေးကောက်ပွဲ အနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ အစုလိုက်အပြုံလိုက် ကူးပြောင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပါတီကူးပြောင်းပွဲအခမ်းအနားကို မကွေးမြို့ နယ် ဒေါင်းနေကျေးရွာ တွင်ပြုလုပ်ခဲ့ပြီးယင်းအခမ်းအနား သို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ တက်ရောက်ခဲ့ကြောင်း သိရသည်။“မကွေးတိုင်းကNLDပါတီဝင်တော်တော်များများကြံ့ခိုင်ရေးပါတီကိုကူးပြောင်းသွားကြပါတယ်။ ဒီပါတီကူးပြောင်းတဲ့
အခမ်းအနားကိုလည်း လုပ်ပြီးသွားပါပြီ။

ပါတီကူးလာတဲ့သူတွေကိုလည်းပြည်ခိုင်ဖြိုးပါတီဝင်ကတ်တွေထုတ်ပေးပြီးသွားပါပြီ။ဒီအခမ်းအနားကို မကွေးတိုင်း
ဝန်ကြီးချုပ်က ဧည့် သည်အနေနဲ့ လာတက်ခဲ့ပါ တယ်”ပာု ပြည် ခိုင်ဖြိုး ပါတီတာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ 
 
ယခုကဲ့သို့ မကွေး NLD ပါတီဝင်များ ပြည်ခိုင်ဖြိုးပါတီသို့ကူးပြောင်း သွားရခြင်းမှာ NLD ဗပိာု၏ ဆက်ဆံမှုများနှင့် NLDကျေးရွာ အုပ်စုရုံး ပြောင်းေ ရွှ့ဖွင့်လှ စ်ခြင်းအပေါ်မကျေနပ်မှုများကြောင့်ဖြစ်ကြောင်းပါတီကူးပြောင်းခဲ့သူတစ်ဦး
က ပြောကြားသည်။

လက်ရှိအချိန်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ပါတီတွင်းဒီမိုကရေစီပျောက်ဆုံး မှုများအတွက် နေရာ
ဒေသအတော်များများတွင်ပါတီဝင်များမှဆန္ဒထုတ်ဖော်မှုများ၊ပါတီကူးပြောင်းမှုများကိုပုလုပ်ခဲ့ပြီး ဗပာိုကော်မတီအ
နေဖြင့်လည်း ယင်းကိစ္စရပ်များအပေါ် ထိထိရောက်ေ ရာက် ကိုင် တွယ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

yangonchornicle

0 comments:

Post a Comment