Pages

Wednesday, October 10, 2012

ကချင်မှာ မြန်မာ့ စစ်တပ် စစ်နည်းဗျူဟာသစ်ကြောင့် KIA အကျအဆုံးများ

အောက်တိုဘာ (၉) ရက်တွင် အစိုးရတပ်များ ခံစစ်ယူထားသော ဒေါ့ဖုန်းယန်မှ ၅ မိုင်ခန့်အကွာရှိ လွယ်ဂျေဘွမ်စခန်းအား KIA တပ်မဟာ(၅) တပ်ရင်း  (၂၄) မှ ၀င်ရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါစခန်းတွင် အစိုးရတပ်ရင်းတစ်ရင်းမှ ခံစစ်ယူထားစဉ် KIA တပ်များမှ နေ့လည် (၁) နာရီခွဲခန့်မှ စတင်ထိုးစစ်ဆင်ခဲ့ရာ အစိုးရတပ်၏ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုကြောင့် KIA  တပ်များ အကျအဆုံးများစွာဖြင့် ညနေ(၃)  နာရီခန့်တွင် ပြန်ဆုတ် သွားကြောင်း သိရပါသည်။
“ အရင်တုန်းက အဲ့ဒီစခန်းမှာ ဗမာစစ်သား အယောက်(၂၀)ကျော်နဲ့ စခန်းတည်ထားတာ၊ ခု အချိန်ဆိုတော့ တပ်ရင်းတစ်ရင်းကျော်လောက်ရှိမယ်ထင်တယ်။ အဲဒါကို KIA က အရင်လိုဘဲထင်လို့လား မသိဘူး၊ သွားတိုက်တာ၊ စပစ်ကြကတည်းက ဗမာတပ်တွေရဲ့ ကတုတ်ကျင်းတွေထဲကနေ  ဘာသေနတ်တွေနဲ့လဲ မသိဘူး၊ ပြန်ပစ် လိုက်တာ၊ 
 
KIA တွေ ပြန်လန်ကျတာ မြင်လို့တောင်မကောင်းဘူး၊ KIA ကတော့ အပိုင်ဆိုပြီး သွားတိုက်တာ ဟိုက ကျင်းထဲကနေအပိုင်ပြန်ပစ်လိုက်တာ၊နောက်ဆုံးKIAတွေအလောင်းတောင် ပြန်မကောက်နိုင်ဘူး။ပြန်ဆုတ်
သွားကြတယ်” ဟု ဒေသခံတောင်ယာ လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

အဆိုပါတိုက်ပွဲတွင်KIAမှအယောက်၂၀ခန့်ကျမည်ဟု၎င်းဒေသခံဦးလဒွန်ဂွမ်ကခန့်မှန်းပြောဆိုသွားပါတယ်။ 

KIAတပ်တွေဟာအာက်တိုဘာလအတွင်းအစိုးရတပ်များကိုယခင်ကထက်ပို၍ ပြင်းပြင်းထန်ထန် ပြန်လည်
ထိုးစစ်ဆင်လာတာကိုတွေ့ရပါတယ်။တိုက်ပွဲများတွင်နှစ်ဘက်အကျအဆုံးများလျက်ရှိပြီး စက်တင်ဘာလ(
၂၄) ရက်နေ့က ဖြစ်ပွားခဲ့သော နန့်မော်တိုက်ပွဲတွင်လည်း  KIA ဘက်မှ အယောက် (၃၀) ကျဆုံးသွားပြီး (၄၀)ခန့်ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။အောက်တိုဘာလ(၅)ရက်တွင်လည်း ဖားကန့်ဂွေခါမော်တိုက်ပွဲမှာ
KIA (၃) ယောက်ကျခဲ့တယ်လို့ သိရပါတယ်။
 
 
ကချင်နေ့စဉ်သတင်း 

0 comments:

Post a Comment