Pages

Wednesday, October 10, 2012

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ရှင်ဂျီ ကာဂါဝါ ပိုမိုတိုးတက်အောင် ကြိုးစားသင့်ကြောင်း ဖာဂူဆန်ပြောကြား



မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ကွင်းလယ် ကစားသမား ရှင်ဂျီ ကာဂါဝါ အနေဖြင့် ယခုထက် ပိုမို တိုးတက်လာအောင် ကြိုးစားသင့်ကြောင်း ပြောကြားခဲ့သည်။ ဂျပန်လက်ရွေးစင် ကာဂါဝါသည် ဂျာမန်ချန်ပီယံ ဘိုရပ်ရှား ဒေါ့တ်မန် အသင်းထံမှ ပေါင်စတာလင် (၁၈)သန်းဖြင့် မန်ယူသို့ 
ပြောင်းရွှေ့လာခဲ့သည်။
အသက်(၂၃)နှစ်ရှိ ကွင်းလယ် ဖန်တီးရှင်သည် အင်္ဂလန် ပရီးမီးယားလိဂ်၏ ကြံ့ခိုင်မှု အားပြုသည့်ကစားဟန
နှင့် အသားကျအောင် တည်ဆောက်နေရဆဲ ဖြစ်ရာ ဖာဂူဆန်က ကာဂါဝါအား ကြိုးစားရန် တိုက်တွန်းခဲ့ခြင်း
 ဖြစ်သည်။  

စကော့သား မန်နေဂျာကြီးက "ကာဂါဝါရဲ့ တိုးတက်မှုကို ကျွန်တော်တို့ ကျေနပ်ပါတယ်။ အင်္ဂလန် ဘောလုံး ကစားဟန်က အသားကျဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ ကာဂါဝါရဲ့ လက်ရှိ ဖြတ်သန်းမှုက မှန်ကန်နေတယ် ထင်ပါ
တယ်"ဟု ပြောကြားခဲ့သည်။



၎င်းက ဆက်လက်၍ ကာဂါဝါအနေနဲ့ ဘောလုံးကစားတဲ့အခါမှာဂိုးပေါက်ကို ကျောပေးထားတာမျိုးကို ရှောင်
လွှဲရပါမယ်။ ကိုယ်က တစ်ဖက်ဂိုးပေါက်ကို မျက်နှာမူထားရင် ရှေ့ကို ပြေးရမယ့်လမ်းက တိုသွားပါတယ်။တစ်
ဖက်မှာလည်း ကိုယ့်ခန္ဓာကိုယ် တည်ဆောက်မှုက အရေးကြီးပါတယ်။ 

သာမန်အားဖြင့်တော့ ဂိုးပေါက်ကို ကျောခိုင်းထားရင် တစ်ဖက်အသင်းအတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်တော့
ပါဘူး"ဟု မှတ်ချက်ပြုခဲ့သည်။ ကာဂါဝါကလည်း

 "ကျွန်တော့် ခန္ဓာကိုယ် တောင့်တင်းမှုက အင်္ဂလန် ကစားဟန်နဲ့ဆိုရင် လိုအပ်ချက်တွေ ရှိနေတာ သိပါတယ်
။ ဒီအတွက်လည်း ကြိုးစား မြှင့်တင်သွားမှာပါ"ဟု ပြောကြားသွားသည်။ 


Planet Myanmar Network:

0 comments:

Post a Comment