Pages

Wednesday, October 10, 2012

ကျေးလက်နေပြည်သူများအတွက် အရစ်ကျဖုန်း ဒီဇင်ဘာလကုန်ထိ ရောင်းမည်

ကျေးလက်နေပြည်သူများအတွက် အရစ်ကျဖုန်း ဒီဇင်ဘာလကုန်ထိ ရောင်းမည်

ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ကျေးလက်နေ ပြည်သူများအတွက်GSM (2.75G)အမျိုးအစား မိုဘိုင်း
ဖုန်းများကို ယခုလဆန်းမှစတင်ကာ ဒီဇင်ဘာလကုန်အထိ အရစ်ကျစနစ်ဖြင့်  ရောင်းချပေးနေပြီဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးမှ အာမခံပေးသည့် ကျေးရွာနေသမျူားသက်ဆိုင်ရာမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်း မန်နေဂျာမှတစ်ဆင့် မိုဘိုင်းဖုန်းဝယ်ယူနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

အရစ်ကျစနစ်ဖြင့် ပေးသွင်းရာတွင် ပထမဆုံးအရစ်ကို ကျပ်လေးသောင်းပေးသွင်းပြီးနောက် လစဉ်ကျပ်တစ်

သောင်းနှုန်း ပေးသွင်းရမည် ဖြစ်သည်။အရစ်ကျပေးသွင်းရာတွင်ပထမဆုံးအရစ်ပေးသွင်းပြီးနောက်ဖုန်းကတ်
ကို ထုတ်ယူ၍ စတင်သုံးစွဲနိုင်မည်ဖြစ်ကပေးသွင်းနေစဉ်အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတ်မှတ်
ထားသည့် တယ်လီဖုန်း ကနဦးတပ်ဆင်ခ ငွေကိုပြောင်းလဲလျှော့ချသတ်မှတ်ပါက ထိုနှုန်းထားအသစ်ကိုပါ ခံ
စားခွင့်ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

ထိုသို့မဟုတ်ဘဲ ပြောင်းလဲလျှော့ချသည့် ငွေထက် ပိုမိုပေးသွင်းထားပြီး ငွေဖြစ်လျှင်မူ ပေးသွင်းပြီး ငွေကို ပြန်

လည်ထုတ်ပေးမည် မဟုတ်ပေ။ ကျေးလက်ဒေသနေသူများကို အရစ်ကျစနစ်ဖြင့် မိုဘိုင်းဖုန်းများ ရောင်းချ
aပးရာတွင် ရောင်းချရငွေ၏ ၂ ရာခိုင်နှုန်းကို ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ် အုပ်ချုပ်ရေးမှူးများ
သို့ ခွဲဝေပေးမည်ဟုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

အရစ်ကျပေးသွင်းရမည့်တပ်ဆင်ခ ပေးသွင်းမှုကို အကျေပြီးဆုံးခြင်း မရှိဘဲ အဆိုပါ တယ်လီဖုန်းများကို တစ်

ဆင့်လွှဲပြောင်းခြင်း၊ ပေါင်နှံခြင်း၊ ရောင်းချခြင်းခွင့်မပြုထားကြောင်း သိရသည်။ ယခုလက်ရှိ ဆောင်ရွက်နေ
သာ ဆက်သွယ်ရေးဝန်ဆောင်မှုပေးနိုင်သည့်မိုဘိုင်းတယ်လီဖုန်းရေဒီယိုစခန်းများမှာ တစ်နိုင်ငံလုံးအတိုင်း
အတာဖြင့် စခန်း ၇၀၀ ခန့်ရှိပြီး စခန်းတည်ရှိရာ ဒေသ၏မြေပြန့်မှ ၇ မိုင်နှင၈မိုင်ပတ်ဝန်းကျင်ရှိ ကျေးရွာများ
သည် ဆက်သွယ်ရေးကွန်ရက်တွင် ပါဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

7Day News Journal

0 comments:

Post a Comment