Pages

Wednesday, October 10, 2012

ရွှေဘိုမြို့နယ် အုန်းပေါက်ကျေးရွာအနီးတွင် အမျိုးသမီးအလောင်း တွေ့ရှိ

ရွှေဘိုမြို့နယ်အုန်းပေါက် ကျေးရွာအနီးတွင်အောက်တိုဘာလ ၇ ရက်နေ့နံနက်၈နာရီဝန်းကျင်အချိန်ခန့်တွင်
အမျိုးသမီးအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။ အုန်းပေါက်ကျေးရွာအရှေ့ဘက်
လယ်ကွင်းများရှိရာ ရွှေဘို၊ ကျောက်မြောင်းကားလမ်းမ၏ ဘေးဘက်ရှိ စေတီတစ်ခုအနီးရှိ ချုံတစ်ခုတွင်အ
လောင်းအားတွေ့ရှိခဲ့ရခြင်းဖြစ်ကာ ရွှေဘိုဆေးရုံသို့ပို့ဆောင်စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။
နံနက်ပိုင်း ခရီးသွားတစ်ယောက်က အပေါ့သွားရင်းနဲ့ ချုံထဲမှာအလောင်းကိုတွေ့လို့ကျေးရွာအုပ်ချုပ်ရေးမှူး
ကိုအကြောင်းကြားတာအဲဒီကမှသက်ဆိုင်ရာသို့အဆင့်ဆင့်သတင်းပို့ ဆောင်ရွက်ရတာပါ။အလောင်းကပြင်
ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရဘူး၊၊

အမျိုးသမီးဆို တာပဲသိရတယ်။ အနီးတစ်ဝိုက်ရွာတွေမှာလည်း လူပျောက်တာမျိုးပြောသံမကြားပါဘူး''ဟု
ကျောက်မြောင်းရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


အလောင်းအားရွှေဘိုပြည်သူ့ ဆးရုံသို့ အောက်တိုဘာလ၇ရက်နံနက်၁၁နာရီဝန်းကျင်တွင် ပို့ဆောင်ခဲ့ပြီးပြင်
ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရဘဲ လွန်ခဲ့သည့်ရက် အနည်းငယ်က သေဆုံးနေခြင်းဖြစ်နိုင်ကြောင်းနှင့် စစ်
ဆေးဆောင်ရွက်ဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။



EMG

0 comments:

Post a Comment