Pages

Tuesday, October 2, 2012

အာဆီယံမှာ မြန်မာတွေ ဘီယာသောက်တာ အနည်းဆုံး

 
အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ ဘီယာသောက်တဲ့ နေရာမှာ ဗီယက်နမ်နိုင်ငံက ထိပ်ဆုံးပါဘဲတဲ့။ ၂၀၀၁ ခုနှစ်က ဘီယာလီတာပေါင်း ၂.၆ ဘီလျံတောင် ရှိခဲ့ပါတာကြောင့် အရှေ့တောင်အာရှနိုင်ငံတွေထဲ ဘီယာ
သာက်မှု အမြင့်ဆုံး ရောက်ခဲ့တာပါ။ သူနောက်ကတော့ ထိုင်းနဲ့ ဖိလစ်ပိုင်တို့က လိုက်ပါတယ်တဲ့။ Euromonitor International က ဖော်ပြ ချက်
အရ မြန်မာနိုင်ငံက ဘီယာ လီတာပေါင်း ၃၀.၄ သန်း နဲ့ စာရင်းရဲ့ အောက်ဆုံးနားမှာဘဲ ရှိပါ တယ်တဲ့။ မြန်
မာတွေ ဘီယာသောက်အား အာဆီယံမှာ အနည်းဆုံးပါတဲ့။ မြန်မာ၊ စင်ကာပူ၊ လာအို၊ ကမ္ဘောဒီယား၊ မလေး
ရှား၊ အင်ဒိုနီးရှားနိုင်ငံတွေက ဘီယာ သောက်သုံးမှု ပမာဏက က ဖိလစ်ပိုင်က ဘီယာသောက်တဲ့ လီတာ
ပါင်း ၁.၆ ဘီလျံရဲ့ တ၀က်လောက်ပဲ ရှိတာတွေ့ရပါတယ်တဲ့။

 Euromonitor International က ၂၀၁၀ ခုနှစ်တုန်းက ဗီယက်နမ် ဘီယာ ဈေးကွက်ဟာ ခပ်မြန်မြန်ပဲ  မြင့်
တက်လာ တယ်တဲ့။ ၂၀၀၉ ခုနှစ်က ဘီယာသောက်သုံးတဲ့ လီတာပေါင်း ၁.၆ ဘီလျံရှိခဲ့ပြီး ဒါကလည်း ၂၀၀၄ ခုနှစ်ကထက် ၅၆ ရာခိုင်နှုန်း တက်လာတာပါ။ ဒီနှစ် အစောပိုင်း ဂျပန် ဘီယာ ကုမ္ပဏီ Kirin Holding က သတင်းတခုအဆိုအရ ဗီယက်နမ်တွေဟာ ကမ္ဘာ့တ၀န်း ဘီယာ သောက်တဲ့ ထိပ်တန်း ၂၅ နိုင်ငံ စာရင်းဝင်ပါ
သတဲ့။ 
 
 
ဧရာဝတီ

0 comments:

Post a Comment