Pages

Tuesday, October 2, 2012

ကေအိုင်အေတပ်မဟာ(၃)မှ လက်နက်ပြပွဲပြုလုပ်

 
ကေအိုင်အေတပ်မဟာ(၃)မှာစက်တင်ဘာလ၂၂ရက်နေ့က၀ရာဘွမ်စစ်ရေးပြကွင်းတွင် လက်နက်ငယ်များ၊ လက်နက်ကြီးများ၊ အမြောက်ကျည်ဆံများ၊ မိုင်းများအားခင်းကျင်းပြသထားကြောင်းနှင့်၂၂ ရက်မှ ၂၅ ရက်
နေ့ ထိပြသသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုလက်နက်ပြပွဲသို့ အများပြည်သူမည်သူမဆိုလာရောက်ကြည့်ရှုနိုင်ကြောင်းလည်းဆိုသည်။ ထိုပြပွဲသို့ သွားရောက်ကြည့် ရှုခဲ့သူယာဉ်မောင်းတစ်ဦးမှ “သူတို့လက်နက်တွေကိုပြထားတာပါ။ ကချင်ပြည်သူတွေ စိတ်အားတက်စေဖို့လို့ထင်ပါတယ်။လက်နက်တွေကတော့အစုံပဲ၊လက်နက်ကြီးတွေရော၊ လက်နက်ငယ်
တွေရော၊ကျည်ဆံတွေရောအများကြီးဘဲ၊အသစ်တွေချည်းဘဲနိုင်ငံခြားကမှာထားတာ လို့  ပြောတယ်။ဘယ်
သူမဆိုလာ ကြည့်နိုင်တယ်လို့လည်းပြောတယ်။ 
 
စာတွေလည်းရေးထားတယ်ကျွန်တော်ကကချင်စာမတတ်လို့ဘာတွေရေးထားတာလည်းတော့မသိဘူး” ဟု
ဆိုသည်။
 
ထိုလက်နက်များအားတပ်မဟာ၃မှကားနှစ်စီးဖြင့်၂၁ရက်နေ့တွင်ဆိုင်နိုင်ပါရွာ၊စိုင်ဘန်ရွာဘက်လမ်း ကြောင်း
 မှ ၀ရာဘွမ်သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်းသိရသည်။ဝရာဘွမ်သည်ကအိုင်အေတပ်ရင်း(၂၁)မှ ထိန်း
ချုပ်ထားသောနေရာဖြစ်သည်။
 
ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment