Pages

Tuesday, October 2, 2012

လုပ်ခလစာအမြင့်ဆုံးဖြစ်လိုသဖြင့် စီရော်နယ်လ်ဒို ရီးယဲလ်မှစွန့်ခွာလိုဟုဆို

လုပ်ခလစာအမြင့်ဆုံးဖြစ်လိုသဖြင့် စီရော်နယ်လ်ဒို ရီးယဲလ်မှစွန့်ခွာလိုဟုဆို

ကမ္ဘာပေါ်တွင် လုပ်ခလစာ အမြင့်မားဆုံး ဘောလုံးသမား ဖြစ်လိုသည့် ဆန္ဒက ခရစ္စတီယာနို ရော်နယ်လ်ဒို
အား ရီးယဲလ်မက်ဒရစ် အသင်းမှ စွန့်ခွာစေဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ပေါ်တူဂီ လက်
ရွေးစင်သည် ကမ္ဘာပေါ်တွင် လုပ်ခလစာ အမြင့်မားဆုံး ကစားသမားများ စာရင်းကို တန်းစီကြည့်ပါကအဆင့်
(၁၀)သာ ချိတ်သည်။
၎င်း၏ တစ်နှစ်လုပ်ခသည် ပေါင်စတာလင် (၇.၉၈)သန်းသာ ရှိရာ ထိပ်ဆုံးနေရာတွင် ရပ်တည်နေသောကင်
မရွန်း တိုက်စစ်မှူး ဆမ်မြူရယ်လ် အီတူး၏ ထက်ဝက်မျှသာ ရှိသည်။ အီတူးသည် ရုရှားကလပ်အန်ဇီးအသင်း
တွင် တစ်နှစ်လုပ်ခ ပေါင်စတာလင် (၁၅.၉၁)သန်း ရရှိနေသည်။


ရော်နယ်လ်ဒို၏ လက်ရှိ မျှော်လင့်ချက်မှာ ရီးယဲလ်တွင် တစ်နှစ်လုပ်ခ ပေါင်စတာလင် (၁၁.၈)သန်း အသား
တင် ရရှိရေး ဖြစ်ကြောင်း သိရသည်။ အသက်(၂၇)နှစ်ရှိ ကစားသမားသည် ပြင်ပ ကြော်ငြာနှင့် စပွန်ဆာ ဝင်
aငွများအရ တစ်နှစ် ပေါင်စတာလင် (၁၃.၄၅)သန်း ထပ်မံ ရရှိသော်လည်း (၅၀)ရာခိုင်နှုန်းကို အသင်းက ပိုင်
ဆိုင်သလို စပိန်၏ အခွန်စည်းကျပ်မှု စနစ်များကြောင့် ဝင်ငွေ လျော့ကျခဲ့သည်။ ရော်နယ်လ်ဒိုသည် ပရော်
ဖက်ရှင်နယ် ရေးရာ အခြေအနေ တစ်ခုကြောင့် အသင်းတွင် မပျော်ရွှင်ကြောင်း အတိအလင်း ဝန်ခံထားခဲ့
သေးသည်။

ယခုအခါ ရော်နယ်လ်ဒို၏ အနေအထားကို ဓနအင်အား အလွန်တောင့်တင်းသည့် မန်ချက်စတာ စီးတီး၊ ချယ်လ်ဆီးနှင့် ပဲရစ်စိန့်ဂျာမိန်းကဲ့သို့ ကလပ်များက အထူးတလည် စိတ်ဝင်စားလာကြသည်။ ရော်နယ်လ်ဒို
oည် (၂၀၀၉)ခုနှစ်က မန်ချက်စတာ ယူနိုက်တက်ထံမှ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၈၀)ဖြင့် ရီးယဲလ်သို့ ပြောင်းရွှေ့ခဲ့သည်။


Planet Myanmar Network:

0 comments:

Post a Comment