Pages

Tuesday, October 2, 2012

မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းပိတ်၍ အိမ်ပြန်လာသည့် တက္ကသိုလ်ကျောင်းသူအား ဘောင်းဘီအတိုဝတ်၍ဟုဆိုကာ KIA စစ်သားတစ်ဦးက ပါးရိုက်

 
အောက်တိုဘာလ(၁)ရက်နေ့ နေ့လည်(၁)နာရီကမော်ဝမ်းလေးရပ်ကွက်နေကိုမင်းနိုင်အသက်(၄၂)မှနေအိမ်၌ သတင်း
စာဖတ်နေစဉ်KIAစစ်တပ်မှသေနတ်ဖြင့်ပစ်သတ်သွားကြောင်းဖားကန့်မြို့မော်ဝမ်းလေးရပ်ကွက်မှ ဒေသခံတစ်ဦးက
ပြာသည်။
“နေ့ခင်းကြီးကိုအိမ်မှာသတင်းစာဖတ်နေတုန်းကိုပစ်သွားတာ။သတင်းကြားတာတော့KIAကို ဆဲလို့ပစ်သတ်သွားတယ်
လို့ကြားတယ်။မင်းဆဲတာငါပဲဆိုပြီးပစ်သွားတာ”ဟုဖားကန့်မြို့မ်ာဝမ်းလေးရပ်ကွက်မှ အမည်မဖော်လိုသူတစ်ဦးက
ပြောသည်။
 
 
ကချင်ပြည်နယ်ဖားကန့်ဒေသတွင် KIAတပ်များအား မကောင်းပြောသူများနှင့် စစ်အစိုးရဘက်သို့ သတင်းပေးသူများကို KIA က  လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်လေ့ရှိကြောင်းကိုလည်း သိရသည်။
 
KIAစစ်တပ်သည်ဒေသခံများကိုတရားမဲ့ညှင်းပမ်းသတ်ဖြတ်မှု၊  ဒေသခံများထံက အခါအားလျော်စွာ ဆပ်ကြေးကောက် ပိုက်ဆံတောင်းမှုဒေသခံများအားပေါ်တာဆွဲမှု့များစသည့်လူ့အခွင့်အရေး ချိုးဖောက်မှုများဆက်တိုက်ပြုလုပ်လာခြင်း
ဖြစ်ကြောင်းကိုလည်း ဖားကန့်ဒေသခံများထံက သိရှိရသည်။
 
စက်တင်ဘာလ(၁၀)ရက်နေ့ကလည်း မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းပိတ်၍ အိမ်ပြန်လာသည့် ကားမိုင်းမှ ဦးစိုးဝင်းသမီး တက္ကသိုလ်ကျောင်းသူအား ဘောင်းဘီအတိုဝတ်၍ဟုဆိုကာ မိုးကောင်းနှင့်ကားမိုင်း ကြားရှိသော KIAစစ်တပ်ဂိတ်မှ စစ်သားတစ်ဦးက ပါးရိုက်ခဲ့ကြောင်း သိရသည်။
 
ထိုကဲသို့ပါးရိုက်လိုက်သောကြောင့်ဦးစိုးဝင်းကKIAသို့တိုင်ကြားခဲ့ရာအောက်တိုဘာလ(၁)ရက်နေ့တွင် KIAစစ်တပ်
ဘက်ကကချင်ရိုးရာအတိုင်း တောင်းပန်သည့်အတွက် အမှု့ကျေအေးခဲ့ကြောင်းကိုလည်း ဒေသခံများထံက သိရသည်။
 
" မြစ်ကြီးနား တက္ကသိုလ်ကကျောင်းပိတ်လို့ ပြန်လာတာသူ့အဖေလည်းပါတယ်၊ KIAစစ်တပ်ဂိတ်ကစစ်သား တစ်ဦးက အမြင်မတော်လို့ဆိုပြီးပါးရိုက်တာတဲ့။ပြောချင်တာကသူတို့ ကချင်အချင်းချင်းမလို့ တောင်းပန်ပြီး ကျေအေးတာ။ဒီပြင်
လူမျိုးခြားဆိုဘယ်လိုလုပ်မလဲ"ဟု ဖားကန့်မှ အမည်မဖော်လိုသူတစ်ဦးကပြောသည်။
 
သတင်းမီဒီယာသမားများအနေဖြင့်လည်းတပ်မတော်ဘက်မှလူ့အခွင့်အရေးချိုးဖောက်မှု၊တပ်မတော်ကို ဆန့်ကျင်မှု
များသာဖ်ာပြနေကြပြီးKIAဘက်မှ လူ့အခွင့်အရေးချိုးဖောက်နေမှုများကို ဖော်ပြမှုအားနည်း နေသည့်အပေါ်တွင် ဒေ
သခံများက တဖက်သတ်ဆန်နေသည်ဟု ထင်မြင်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။
 
ကချင်ပြည်နယ်တွင်ပြီးခဲ့သည့်စက်တင်ဘာလဆန်းပိုင်းတွင်မ်ာဝမ်းလေးရပ်ကွက်မှနမ၀တန်းကျောင်းသူ မဂျာဆိုင်း
အိန်သေနတ်မှန်၍သေဆုံးခဲ့သလိုKIAစစ်တပ်မှဘီလူး၊မော်ဟန်၊ကန်မီးရှု့ရွာများမှဒေသခံ လူငယ်အယောက်(၃၀)ကို
လည်း ပေါ်တာဆွဲခဲ့ကြောင်း မိုးညှင်းမြို့ဒေသခံများထံက သိရှိရသည်။
 
ယခုအခါ ဖားကန့်လမ်းနှင့် မိုးကောင်းသို့သွားသော ကားလမ်းများပေါ်တွင် KIAစစ်တပ်တပ်ရင်း(၆)နှင့်တပ်ရင်း(၅)က တပ်စွဲထားကြောင်းကိုလည်း ဒေသခံတို့ကဆိုသည်။

မစ်မခ

0 comments:

Post a Comment