Pages

Tuesday, October 2, 2012

ရုရှားနိုင်ငံသည် အနာဂတ် စစ်သည်များ အသုံးပြုရန် စစ်အသုံးအဆောင် ပစ္စည်းများ ထုတ်လုပ် စမ်းသပ်ခြင်း


ရုရှားနိုင်ငံသည် အနာဂတ် စစ်သည်များ အသုံးပြုရန် စစ်အသုံးအဆောင် ပစ္စည်းများ ထုတ်လုပ် စမ်းသပ်ခြင်း
Sept-29(Sat)
ရုရှားစစ်တပ်သည်အနာဂတ်စစ်သည်များအသုံးပြုရန်အတွက် အဆင့်မြင့် နည်းပညာသုံး စစ်အသုံး အဆောင် ပစ္စည်းအား ထုတ်လုပ် စမ်းသပ်ခဲ့ကြောင်းကာကွယ်ရေး ဝန်ကြီးက စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ရုရှား စစ်တပ် အနေဖြင့် အနာဂတ် ကာလတွင် ရင်းနှီးကျွမ်းဝင်မှု မရှိသော ပတ်ဝန်းကျင်များ ၌ ဖျက်အားပြင်း လက်နက်များ၏ အန္တရာယ်ကို ကာကွယ် နိုင်စွမ်းရှိသည့် ပစ္စည်းကိရိယာ များကို အသုံးပြုရမည် ဖြစ်ကြောင်း ဝန်ကြီး ဌာနမှ ပြောရေး ဆိုခွင့်ရှိသူ Vladimir Chirkin က ပြောကြားခဲ့ပါသည်။
အဆိုပါ စစ်အသုံး အဆောင် ပစ္စည်းများအား ခြေလျင် တပ်မှစစ်သည်များ၊ ကင်းထောက် တပ်သားများ နှင့် စမ်းသပ် လေ့ကျင့်ရေး တပ်သားများကို စတင် အသုံးပြုစမ်းသပ် သွားမည်ဖြစ်ကြောင်း  အသံလွှင့်ဌာနသို့ ပြောကြားခဲ့ပါသည်။ 
 
ပစ္စည်းကိရိယာများအနေဖြင့်သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးစနစ်အမျိုးမျိုး၊လကြောင်းလမ်းပြစနစ်များ၊မျက်လုံး ကာ
ကွယ်ရေး မျက်မှန်များ၊ နားကြပ်များ၊ အပူချိန် ကာကွယ်ရေး ဝတ်စုံများ၊ ကျည်ကာ အင်္ကျီများနှင့် အခြားပစ္စည်း များပါဝင်ကြောင်း သိရှိရပါသည်။ 
 
စစ်အသုံးအဆောင်ပစ္စည်းများအား ၂ဝ၁၂ ခုနှစ် ကော့ကေးဆပ်ဒေသ မော်စကိုမြို့အပြင်  တွင်ပြုလုပ်မည့် စစ်ရေး လေ့ကျင့်ခန်းတွင် စမ်းသပ် အသုံးပြုသွား မည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ 
 
မြ၀တီသတင်း

0 comments:

Post a Comment