Pages

Tuesday, October 2, 2012

ကချင်ဒုက္ခသည်စခန်းမှ ပြည်သူများ စားဝတ်နေရေးအတွက် အမှိုက်ကောက်သူများပင်ရှိလာ

ကချင်ပြည်နယ်ရှိစစ်ဘေးဒုက္ခသည်စခန်းများတွင်လွန်ခဲ့သည့်(၂)လမှစတင်၍အလှူရှင်များ၏ထောက်ပံ့မှု မရရှိုခြင်း
ကြောင့်ဒုက္ခသည်များ၏စားဝတ်နေရေးအခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်းစခန်းတာဝန်ခံများထံက သိရသည်
။ကချင်တွေမှာ အမှိုက်ကောက်တာ မမြင်ဖူးပေမယ့်။ ခုမြင်ရပြီ။ ဒီမနက် ကျွန်တော်ရဲ့အိမ်မှာ ကလေး တွေ အမှိုက်ပုံ
ကကော်ဗူးတွေ၊ဖိုင်ဘာ၊အိုးဖုံးအစုတ်ပလုတ်တွေလာကောက်နေကြတယ်။ကျွန်တော်အရမ်း စိတ်မကောင်းဖြစ်မိတယ်။´ ဟု ဗန်မော်မြို့နယ် ဒုက္ခသည်စခန်း တာဝန်ခံ ဆရာတူးဂျာက ပြောသည်။
ဗန်မော်မြို့နယ် ရောဘတ်ဘုရားကျောင်းဝင်းရှိ ဒုက္ခသည်စခန်းအတွင်း အလှူမ၀င်သည်မှာ (၃) လကျော်ကြာမြင့်ပြီဖြစ်ပြီး ဒုက္ခသည်များမှာ ထမင်းအား ဟင်းနှင့်မစားနိုင်သည့်ကာလမှာ ရှည်ကြာ နေပြီဖြစ်ကြောင်းကိုလည်း သိရသည်။

စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ ဒုက္ခသည် (၂၃၀၀) ကျော်မှာ ရောဘတ်ဘုရား ကျောင်းတွင် လာရောက်ခိုလှုံနေခြင်းဖြစ်သည်။ ယင်းတို့ စားဝတ်နေရေးအခက်အခဲများကြောင့် တစ်ချို့ဒုက္ခသည်များသည် စစ်ဘေးကြောင့် သေလျှင် သေဆိုကာ ဒုက္ခသည်စခန်းမှ ရွာသို့ ပြန်ထွက်သွားကြသူများလည်းရှိနေကြောင်း သိရသည်။
 
ဗန်မော်မြို့နယ် အသင်းတော်မှ အောင်သာ၊ ထွယ်ဆန်၊ ရွှေဂူ၊ မန်ဂျေ စသည့် ဒုက္ခသည် စခန်းမှ စစ်ထွက်ပြေးတိမ်းရှောင်လာသူ (၁)သောင်းနီးပါးခန့်အား တာဝန်ယူဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
 
ဒုက္ခသည်စခန်းများတွင် နေ့တိုင်း အသုံးပြုနေသည့် ရေ၊ မီး နှင့် ကျောင်းကားအတွက် စက်သုံးဆီ လိုအပ်နေပြီး၊ စခန်းအိမ်အဖီများမှာ လည်း ပြန်လည်ပြုပြင်ရန် အခက်အခဲရှိနေကြောင်းကိုလည်း သိရသည်။
 
ထို့အပြင် စခန်းမှ ကျန်းမာရေး ဆေးပေးခန်းများတွင်လည်း တစ်နေ့ ပျှဉ်းမျှ ၉ သောင်း ကုန်ကြသဖြင့်  အလှူများ လိုအပ်နေသည်ဟု ဆရာဦးတူးဂျာက ဆိုသည်။
 
မြစ်ကြီးနားမြို့၏ အကြီးဆုံး ဒုက္ခသည်စခန်းတွင်လည်း အလှူမရရှိသည်မှာ (၂) လကျော်ပြီဖြစ်ကာ စခန်း ကော်မရှင်များအနေဖြင့် စီမံခန့်ခွဲမှုတွေ အခက်အခဲများစွာဖြစ်ပေါ်နေပြီး ဆေးနှင့် ဟင်းအတွက် လည်း ခက်ခဲဖြစ်နေကြောင်း သိရသည်။ ၎င်း ဒုက္ခသည်စခန်းတွင်မူ ဒုက္ခသည် ၇၅၂ ဦး ရှိသည်။
 
`ခု ကျွန်တော်တို့ကို အလှူပေးနေတဲ့သူတွေက ပြည်သူတွေထဲကပဲလေ။ ခုချိန်ပြည်သူတွေ အခက်အခဲဖြစ်နေတော့ အလှူမပေးနိုင်တော့ဘူးလို့ ထင်တယ်။ အဲ့လို ဘုံမှာ အလှူမ၀င်တော့ ဟင်းဝယ်စားဖို့ နဲ့ ဆေးတွေ ၀ယ်ဖို့ အခက်အခဲဖြစ်နေတယ်။ အကုန်အကုန် ခက်ခဲနေတယ်။ ဒီလိုသာ သွားမယ်ဆိုရင် ဒုက္ခသည်တွေအတွက် စိုးရိမ်ရတယ်။´ ဟု ဂျန်မိုင်ကော့ ဒုက္ခသည်စခန်း တာဝန်ခံ ကိုအောင်မြတ်က ပြောသည်။
 
အဆိုပါ စခန်းတွင် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှ ၂၀၁၂ခုနှစ် ဇူလိုင် ၁၅ ရက်ထိ ကော်မရှင်တွင် အလှူ ကျပ်သိန်း ၇၇၆ သိန်း ၀င်ရောက်ခဲ့သည်။ စခန်းများတွင် ဆန်၊ ဆီ၊ ဆားများအတွက် World Food မှ ပေးလှူနေခြင်းဖြစ်သည်။
 
လတ်တလောစစ်ဖြစ်နေသည့်မိုးကောင်းမြို့နယ်နှင့်ကားမိုင်းမြို့များတွင်မူအသင်းတော်ဘုရားကျောင်း၊ဘုန်းကြီးကျောင်း
များက တာဝန်ယူ စောင့်ရှောက်ထားကြောင်း သိရသည်။
 
ဖားကန့်မြို့တွင်မူမြို့တွင်းဒုက္ခသည်စခန်း (၄၁) ခုတွင် ဒုက္ခသည် (၈ )ထောင် ခန့် လာရောက် ခိုလှုံနေပြီး ဆိုင်းတောင် (ဆိပ်မူ)တွင်စက်တင်ဘာလနောက်ဆုံးပတ်၌စခန်း(၆)ခုတိုးလာကာလက်ရှိဒုက္ခသည်(၆)ထောင်ကျော်ရှိကြောင်း ယင်း
ဒုက္ခသည်စခန်း၏ စာရင်းအရ သိရသည်။
 
ဒီမှာကစခန်းဆောက်ဖို့မြေရှာတာတောင် ရှာလို့ မရဘူး။ ခု တမံသလင်း ကြမ်းခင်းမှာ အိပ်နေရတယ်။´ ဟု ဖားကန့်မြို့ ဒုက္ခသည်စခန်း တာဝန်ခံ တစ်ဦးက ပြောသည်။
 
 
မြစ်မခ

0 comments:

Post a Comment