Pages

Tuesday, October 2, 2012

အမေရိကန်ပြည်ထောင် စုမှ အသက် ၁ဝ၂ နှစ်အရွယ် အမျိုး သမီးကြီးတစ်ဦး ပညာသင် ဆုချီးမြှင့်ခံရ

(ဝါရှင်တန် အောက်တိုဘာ ၁)
အမေရိကန် ပြည်ထောင်စုမှ အသက် ၁ဝ၂ နှစ်အရွယ် မာဂရက်ဒန်းနင်း ဆိုသူ အမျိုးသမီးကြီး တစ်ဦးသည် မီချီဂန် တက္ကသိုလ်မှပေးအပ် ချီးမြှင့်သော ပညာသင် ဆုကို နှစ် ၈ဝ ကြာပြီးမှ မမျှော် လင့်ဘဲ ရရှိခဲ့သည့် အတွက် သူမကိုယ် သူမ အလွန် အံ့အားသင့် ခဲ့ရကြောင်း အင်တာနက် သတင်း တစ်ရပ် တွင် ဖော်ပြ ထားသည်။
ဒန်းနင်းသည် သူမ၏ မပြီးဆုံး သေးသည့် စီးပွားရေး ပညာဘွဲ့ကို ဆက်လက် သင်ယူရန် အတွက် နှစ် ၈ဝ ကျော် ကြာပြီး နောက်ပိုင်းမှမီချီဂန် တက္ကသိုလ်သို့ ပြန်လည် ရောက်ရှိ လာခြင်း ဖြစ်ကြောင်း၊ အဆိုပါ ပညာ သင်ဆုကို ရရှိခဲ့သည့် အတွက် အလွန်ပင် အံ့အားသင့်ခဲ့ ရကြောင်း၊ ယင်းကဲ့သို့ ပေးအပ် ချီးမြှင့်မှုကို သူမ ငြင်းပယ်နိုင်ဖွယ် မရှိကြောင်း သ တင်း ဖော်ပြချက် များ အရ သိရသည်။

ဒန်းသည် ၁၉၂၉ ခုနှစ်တွင် အထက်တန်း အောင်မြင် ခဲ့ပြီးနောက် မီချီဂန် တက္ကသိုလ်တွင် စီးပွားရေး ပညာရပ်ကို စတင် သင်ယူ ခဲ့သည်ဟု သိရသည်။ ထို့နောက် မိသားစုပိုင် လုပ်ငန်းတွင် အကူ အညီ ပေးရန် မိခင် ဖြစ်သူ၏ တောင်းဆိုမှုကြောင့် သူမ၏ ပညာ ရေးကို စွန့်လွှတ် ခဲ့ရကြောင်း ဖော်ပြချက်များ အရ သိရသည်။
 
သူမ လေ့လာမည့် ပညာရပ်သည် ယခုနှစ် အတွင်း ပြီးဆုံးနိုင်ဖွယ် ရှိသည်ဟု မျှော်မှန်းထားပြီး သူမ ရရှိခဲ့သည့် ပညာသင် ဆုကိုလည်း ပညာရေးတွင် အကောင်းဆုံး အသုံးပြုသွား မည် ဖြစ်ကြောင်းဖော်ပြချက် များ အရ သိရသည်။
 
 
မြ၀တီင်္သတင်း

0 comments:

Post a Comment