Pages

Wednesday, October 3, 2012

ကြက်ဥ ဈေးကျလို့ ထိုင်းမှာ ဆန္ဒပြ


ကုန်ဈေးနှုန်းတွေ တက်လို့ မြန်မာနိုင်ငံမှာ ဆန္ဒပြဖူးတာပဲ ကြားဖူးတယ်။ ဒါပေမယ့် ကုန်ဈေးနှုန်း ကျလို့ ထိုင်းနိုင်ငံမှာတော့ ဆန္ဒပြကြတယ်။ ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ အနီးတ၀ိုက်က အသေးစား ကြက်မွေးမြူရေး လုပ်ကြတဲ့ လယ်သမား ၁၀၀ လောက်က အစိုးရ ရုံးရှိရာ ဂိတ်ပေါက်သွားပြီး ကြက်ဥဈေးတွေ ရုပ်တရက် ကျသွားလို့ အစိုးရ အိမ်တော် အပေါက်ဝမှာ ကြက်ဥတွေ ပစ်ပေါက်ခွဲပြီး ဆန္ဒပြခဲ့ကြပါတယ်။ 

ဓာတ်ပုံ-manager online

ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ကို ကြက်ဥဈေး ရုပ်တရက် ကျဆင်းသွားတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုကြတယ်လို့ ထိုင်းအွန်လိုင်း သတင်းစာတခုမှာ ဖော်ပြထားပါတယ်။ 

ပုံမှန်က ကြက်ဥ တလုံး( အလုံးလှ၊ အလုံးမှန်) ကို ဘတ်ငွေနဲ့ ၂. ၆၀ (မြန်မာကျပ်ငွေနဲ့ဆို ၆၅ ကျပ်) နဲ့ ရောင်းနေ ရတာမှာ က တလုံးကို ထိုင်းဘတ်ငွေ ၂ ဘတ် ( ၅၀ ကျပ်) ကျော်ကျော် ၂.၁၀ ဘတ် အထိ ကျသွားတယ်လို့ ဆိုပါတယ်။ 
 
ကြက်စာ ဈေးတွေက မကျဘဲ ကြက်ဥဈေးကျတဲ့အတွက် အသေးစား ကြက်မွေးမြူတဲ့ ထိုင်းလယ်သမားတွေ အခုလို ကုန်ဈေးနှုန်း ကျတာကို ဖြေရှင်းဖို့ ဆန္ဒပြပွဲ လုပ်ခဲ့တာပါတဲ့။
 
ဧရာဝတီ

0 comments:

Post a Comment