(Photo courtesy of Kachin Baptist Convention-an IDP camp in Hpakant) |
အောက်တိုဘာ(၂)
မနေ့က ကေအိုင်အေနဲ့ အစိုးရတပ်တွေအကြား ကားမိုင်းမြို့အနီးမှာ တိုက်ပွဲဖြစ်ပွါးလို့ ဒေသခံ တွေ နီးစပ်ရာ မြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ကချင်ပြည်နယ် မိုးကောင်း ဖ
မနေ့က ကေအိုင်အေနဲ့ အစိုးရတပ်တွေအကြား ကားမိုင်းမြို့အနီးမှာ တိုက်ပွဲဖြစ်ပွါးလို့ ဒေသခံ တွေ နီးစပ်ရာ မြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ကချင်ပြည်နယ် မိုးကောင်း ဖ
ားကန့်သွားတဲ့
ကားလမ်းပေါ်မှာရှိ ကားမိုင်းမြို့နဲ့ ၂
မိုင်လောက်ဝေးတဲ့နေရာမှာ အစိုးရတပ်နဲ့ ကေအိုင်အို တပ်တွေ မနက်
မှာ အေးဆေးဖြစ်သွားတယ်။ အကြိတ်အနယ် ပစ်ခတ်ကြတာပေါ့။
ကြာပီဖြစ်တာတော့ ၂၄ ၊ ၂၅၊ ကတည်း
က ဖြစ်ကြတာ။ မနေ့ကအထိ ဗမာတပ်ကတော့ တပ်မ ၈၈၊
တပ်မ၄၄၊ တပ်ပေါင်းစုတွေ များပါတယ်။
ကထန်ယန်ဆိုရင် အားလုံးကေအိုင်အေ
တပ်ပါပဲ။ အဲဒီဘက်ကို သူတို့ တမင်သက်သက်ထိုးလာတာပေါ့။ ဗမာတပ်က ၂၆ ရက်နေ့က
လဘန်ကထောင်ဆိုတဲ့ရွာမှာစစ်တပ်ရဲ့အမြောက်လက်နက်ကြီးကြောင့်ဦးဘော်
ဒွတ်နော်ရဲ့အိမ် မီးလောင်သွားပါတယ်။ သူ့ရဲ့အိမ်အပါအ၀င် ကျန်တဲ့
၃အိမ်ပေါ့။ ကျန်တဲ့အိမ်ကသိပ်မလောင်
ဘူး။ ဦးဘော်ဒွတ်နော်ရဲ့ အိမ်ကတော့
လုံးဝကို လောင်ကျွမ်းသွားတယ်။"
တိုက်ပွဲကြောင့်၂ဘက်ထိခိုက်ကျဆုံးတာတွေအခုအထိစုံစမ်းလို့ မရသေးကြောင်းသူကပြောပါတယ်။ ကျေး
ရွာဒေသခံတွေက နီးစပ်ရာ ကားမိုင်းမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့
အကြောင်း အဆိုပါဒေသခံ က
ဆက်လက်ပြောပြပါတယ်။
"ဒေသခံတွေက ကြောက်ရွံ့ပြီးမှ တချို့တွေက လယ်ယာမြေနဲ့ ကိုယ့်ရဲ့ဝက်တွေတိရိစ္ဆာန်တွေနဲ့ ကြောက်ရွံ့ပြီး
"ဒေသခံတွေက ကြောက်ရွံ့ပြီးမှ တချို့တွေက လယ်ယာမြေနဲ့ ကိုယ့်ရဲ့ဝက်တွေတိရိစ္ဆာန်တွေနဲ့ ကြောက်ရွံ့ပြီး
မှ နေနေကြတယ်။ တချို့တွေက လုပ်ငန်းတွေထားပြီးမှ
ကားမိုင်းဘက်ကို ပြေးလာကြတာပေါ့။ ၂ရွာ ၃ရွာ
ပေါင်း ဆိုတော့ များတယ်။
ကထန်ယန်ရွာ၊ လွယ်ကျိုင်ရွာ၊ ဟိုပင်တံတားရွာ အဲလိုပေါင်းစုထားတာဆိုတော့
လူပေါင်းက ၂၀၀၊ ၃၀၀ လောက်တော့ခန့်မှန်းနိုင်တယ်။ ဒါပေမဲ့ မသိနိုင်တဲ့လူတွေ
အများကြီး ရှိသေးတယ်။ "
၂ ဘက်တပ်တွေ အဲဒီကားမိုင်းဒေသအတွင်းမှာ အများအပြား ရှိနေသေး တာကြောင့် နောက်ထပ် တိုက်ပွဲ
၂ ဘက်တပ်တွေ အဲဒီကားမိုင်းဒေသအတွင်းမှာ အများအပြား ရှိနေသေး တာကြောင့် နောက်ထပ် တိုက်ပွဲ
တွေဖြစ်ဖို့ အလားအလာရှိတယ်လို့ဒေသခံတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ တပတ်လောက်က အဲဒီဖားကန့်လမ်းကို ၂ ဘက်တပ်တွေက ပိတ်ပင်ထားခဲ့ပေမဲ့ အခု ပြန်ဖွင့်ပေး
လွန်ခဲ့တဲ့ တပတ်လောက်က အဲဒီဖားကန့်လမ်းကို ၂ ဘက်တပ်တွေက ပိတ်ပင်ထားခဲ့ပေမဲ့ အခု ပြန်ဖွင့်ပေး
တာ ၂ ရက်လောက်ပဲရှိသေး ပြီး အခုအခါ သွားလာလို့ရနေတယ်လို့
သိရပါတယ်။
ဖားကန့်ဒေသအတွင်းမှာလည်း တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၂
သောင်းလောက် စစ်ဘေးတိမ်းရှောင်
နေကြရပြီး စားဝတ်နေရေးအတွက်
ကူညီထောက်ပံ့သူတွေကိုပဲ အားကိုးနေရတယ်လို့ သိရပါတယ်။
RFA
RFA
0 comments:
Post a Comment