Pages

Wednesday, October 3, 2012

ကမာရွတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ဂရမ် ၆၀၀ ကျော်ဖမ်းမိ


ရန်ကုန်တိုင်းဒေသကြီးအရှေ့ ပိုင်းခရိုင် မူးယစ်အထူးတပ်ဖွဲ့မှ တပ် ကြပ်ကြီး စိုင်းချစ်ဦး၊ ရဲတပ်၊ ဇင် မင်းထိုက် ၊ကမာရွတ်မြို့နယ် ရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ် ထွန်း အေးမောင်နှင့် သက်သေ ဦးကြည်မြင့်၊ ဦးတင်ဝင်းတို့မှ ကြို တင် သတင်းရရှိချက်ဖြင့် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့က ရန် ကုန်မြို့ ကမာရွတ်မြို့နယ်၊ (၁)ရပ် ကွက်၊ အင်းစိန်လမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်း
ဆီးရမိခဲ့ကြောင်းသတင်းရရှိသည်။

အင်းစိန်လမ်းရှိ IT လက်ဖက်ရည်ဆိုင်ရှေ့တွင် တရား ခံ ၀င်းစိုးအောင်ကို တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ၊ ၎င်း၏ ပခုံး တွင်စလွယ်

သိုင်းထားသည့် Diesel စာတန်းပါ အိတ်အတွင်းမှ တိတ်အနက်ဖြင့်ပတ်ထားသော ပန်းရောင်  စိတ်ကြွရူးသွပ်ဆေး ပြား (၂၀၀)၊ အပြာ
ရောင်ကပ်ခွာ ပလပ်စတစ်အိတ်ဖြင့် ထည့်ထား သော အထုပ်(၃)ထုပ် ဆေးပြား (၆၀၀)ပါ အလေးချိန် (၆၀၀) ဂရမ်နှင့်  ၀င်းစိုး အောင်အမည်ပါ ငွေလွှဲပြေစာ ၂ စောင်နှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

၎င်းနေရာတွင် စိတ်ကြွရူး သွပ်ဆေးပြားများနှင့်အတူ တွေ့ ရှိသူ တရားခံဝင်းစိုးအောင် အ သက် (၃၈)အား ကမာရွတ်မြို့ နယ် ရဲစခန်း
မှ (ပ)၇/၂၀၁၂ မူး ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေတတ်သော ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ
ထားကြောင်း သိရသည်။


ဖြိုးအောင်
HotNewsJournal

0 comments:

Post a Comment