(ဝါရှင်တန် အောက်တိုဘာ ၂)
သမ္မတ
အိမ်ဖြူတော် အတွင်း၌ ရှိသည့် ကွန်ပျူတာ စနစ်များသည် ဟက်ကာများ၏ ဆိုက်ဘာ
တိုက်ခိုက်ခြင်းကို ခံခဲ့ရသော် လည်း ယင်းတိုက်ခိုက် မှုကို
တားဆီးနိုင်ခဲ့သည့် အပြင် လုံခြုံရေး အဆင့် သတ်မှတ်ထား သည့် ကွန်ရက်များမှာ
တိုက်ခိုက်ခံခဲ့ ရခြင်း မရှိကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၁ ရက်တွင်
အတည်ပြု ပြောကြား ခဲ့သည်။
အဆိုပါ
ဆိုက်ဘာ တိုက်ခိုက်မှုသည် မကြာခဏ ဖြစ်လေ့ရှိသည့် ဆိုက်ဘာ တိုက်ခိုက်မှုမျိုး
မဟုတ်ကြောင်းနှင့် လိုအပ် သည့် ကာကွယ်မှု များကို အိမ်ဖြူတော်မှ တာဝန်ရှိသူ
များက ပြု လုပ် နိုင် ခဲ့ကြောင်း ပြောရေး ဆိုခွင့် ရှိသူ ဂျေးကာနေးလ် က သတင်း
ထောက်များကို ပြောကြားခဲ့သည်။
အဆိုပါ
ဆိုက်ဘာ တိုက်ခိုက်မှုသည် ပြီးခဲ့သည့်လ အတွင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး
ယင်းသတင်း သည် အောက်တိုဘာ ၁ ရက်က ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ယင်းတိုက်ခိုက်
မှုကို မည်သူ က ပြုလုပ် ခဲ့သည်ကို သေသေ ချာချာ မသိရ သေးကြောင်း သိရ သည်။
မြ၀တီ
0 comments:
Post a Comment