Pages

Wednesday, October 3, 2012

ပြည်တွင်း ငြိမ်းချမ်း ရေးဆွေးနွေးပွဲများကို စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ငွေကြေးစိုက်ထုတ်မှုများနှင့်သာ ပြုလုပ်နေရ

အစိုးရနှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ငွေကြေး စိုက်ထုတ်မှုနှင့် သာ ပြုလုပ်နေရသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။ငြိမ်းချမ်းရေးစကားဝိုင်း ဖြစ်မြောက်ရေး အဖွဲ့
(PTCG)မှစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူလမိုင်ဂွမ်ဂျာက “နိုင်ငံတော်ရဲ့ဘတ်ဂျက်စာရင်းထဲမှာ ငြိမ်းချမ်း
ရးအတွက် စာရင်းသီးသန့်မရှိဘူးလေ။ အဲဒီတော့ ဒီဒေသကြီး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားဖို့က အားလုံးမှာတာဝန်ရှိတယ် လို့ကျွန်တော်ယူဆတယ်။ အဲဒါကြောင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေရော ရန်ကုန်ကစီးပွားရေးလုပ်
ငန်းရှင် တွေရော က ၀င်ကူညီတဲ့သဘောပါ” ဟုပြောသည်။

အစိုးရကဘက်မှယခင်ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်များကလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်း
ချမ်းရေးဆွေးနွေးပွဲများအတွက် ရံပုံငွေတစ်ရပ်ထူထောင်ရန် စီစဉ်ခဲ့ကြ သော်လည်း ယခုချိန်ထိ အကောင်
အထည်ဖောင်နိုင်ခြင်း မရှိသေးပါ။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ဒုတိယဥက္ကဌဦးအောင်မင်းဦးဆောင်သောအဖွဲ့ကတိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အ စည်းများနှင့် (၄၇) ကြိမ် တွေ့ဆုံပြီးခဲ့ပြီဖြစ်သည်။ထိုသို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတကြိမ်
ပြုလုပ်ပါကမြန်မာကျပ်ငွေသိန်းဆယ်ဂဏန်းမှရာဂဏန်းအထိကုန်ကျခံရကြောင်းစီးပွားရေး လုပ်ငန်းရှင်များ
ကပြောသည်။

ကချင် လွတ်မြောက်ရေးအဖွဲ့ (အေအိုင်အို) နှင့် အစိုးရတို့ကြား ရွှေလီတွင် သုံးကြိမ် ဆွေးနွေးခဲ့ရာတွင် ကချင်
စီးပွားရေးလုပ်ငန်းရှင်များကမြန်မာကျပ်ငွေသိန်း(၂)ထောင်ကျော်အကုန်ကျခံခဲ့ပြီး တခြားကုန်ကျစားရိတ်
များကိုရန်ကုန်မှစီးပွားရေးလုပ်ငန်းရှင်ဦးလှမောင်ရွှေက ထောက်ပံ့ကူညီကြောင်း လမိုင်ဂွမ်ဂျာကပြောသည်။

ဦးခင်မောင်ရွှေသည် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ၊ မြန်မာခရီးသွားဘုတ်အဖွဲ့ ဒုတိယ ဥက္ကဌ၊နှင်မြန်မာဆန်စက်လုပ်ငန်းရှင်မျးအသင်းဒုတိယဥက္ကဌနှင့်မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း
 ဒုတိယ ဥက္ကဌဖြစ်သည်။

ထိုသို့ငြိမ်းချမ်းရေး အကောင်အထည်ဖော်သည့်လုပ်ငန်းများ တွင် စီးပွားရေးလုပ်ငန်းများ ပါဝင်နေခြင်းသည် သင့်လျှော်မှုမရှိဟု ထိုင်းနိုင်ငံ အခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ အဖွဲ့ဝင်ဦးအောင်သူငြိမ်းက ပြောသည်။ ၎င်းက
” စီးပွားရေးသမားတွေဝင်ပါတာထက် ကုလသမဂ္ဂလို အဖွဲ့က၀င်ရင်ပိုကောင်းတာပေါ့။

အများရဲ့အမြင်လည်း ရှင်းနိုင်တယ်လေ။ အခုလုပ်နေကြတဲ့ လူတွေကတော့ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ
တစ်ကယ်ငြိမ်းချမ်းစေချင်တဲ့ စေတနာနဲ့ လုပ်တယ်ဆိုရင်တောင် အမြဲတမ်းအတွက်က မဖြစ်နိုင်ဘူးလေ။ အစိုးရက သီးသန့်ဘတ်ဂျက်ချရင်ချ၊ မဟုတ်ရင် ဟိုးအရင်တုန်းကလုပ်သလို ရံပုံငွေထောင်လို့လဲရတယ် ” ဟုပြောသည်။

စီးပွားရေးလုပ်ငန်းရှင်ဦးလှမောင်ရွှေကမူ၎င်းတို့အနေဖြင့်ငြိမ်းချမ်းရေးကိစ္စတွင်ပါဝင်ကူညီရာတွင် အစိုးရနှင့် သဘောတူညီထားချက်မရှိကြောင်း ပြောသည်။ ၎င်းက“အစိုးရကခိုင်းလို့ လုပ်တာမျိုးမဟုတ်ပါဘူး။

တစ်ကယ်ကိုငြိမ်းချမ်းစေချင်တဲ့စိတ်တစ်ခုတည်းနဲ့ဝင်ကူနေတာပါ။ကုန်ကျစာရိတ်ဆိုတဲ့နေရာမှာတစ်ချို့ပွဲတွေ
ကတာ့ ခရီးစာရိတ်လောက်ပဲ ကုန်တဲ့အခါမျိုးတွေရှိသလိုပွဲအကြီးကြီးတွေကျတော့လည်း ပမာဏနည်းနည်း
များတာပေါ့”ဟု ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက်အသုံးစာရိတ်များကိုနိုင်ငံတော်ဘတ်ဂျက်မှအသုံးပြုနိုင်ရန် လွှတ်တော်
တွင်ဆွးနွေးအတည်ပြုရမည်ဖြစ်သောကြောင့်အချိန်တိုအတွင်းမဖြစ်နိုင်သေးကြောင်းစီးပွားရေုးလုပ်ငန်းရှင်
များက ပြောသည်။

ယခုလက်ရှိတွင် မြန်မာအစိုးရသည် ကေအိုင်အိုမှ အပ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၁) ဖွဲ့ဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီဖြစ်သည်။
 
 
MessangerNewsJournal

0 comments:

Post a Comment