Pages

Wednesday, October 3, 2012

စင်္ကာပူတွင် သင်ကြားနိုင်မည့် ဘဏ်လုပ်ငန်းဆိုင်ရာ ဒီပလိုမာသင်တန်းများ


ဘဏ်လုပ်ငန်း၊ စတော့လုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မည့် အင်္ဂလန်နိုင်ငံ Charterred Institute for Securities and Investment မှ အသိအမှတ်ပြု စီးပွားရေးဒီပလိုမာသင်တန်း
အား စင်္ကာပူနိုင်ငံတွင် တက်ရောက် သင်ကြားတော့   မည်ဖြစ်သည်။ 

ပြည်တွင်း၌ မကြာမီဖွံ့ဖြိုးတိုးတက်လာတော့မည့် ဘဏ်လုပ်ငန်းစုကြီးများတွင် အသက်မွေးဝမ်း ကြောင်းပြု
လိုသည့် လူငယ်များအတွက် The Diploma in Banking, Securities and Investment Management ဘာသာရပ်များအား စင်င်္ကာပူရှိ Kaplan Higher Education Academyတွင် လေ့လာသင်ယူနိုင်ကြောင်း သိရှိရသည်။
 
လာမယ့်အောက်တိုဘာ(၂၇)ရက်နေ့Summit Parkview မှာကျင်းပပြုလုပ်မယ့်Singapore-UK-Australia
 ပညာရေးပွဲတော်မှာ ဘဏ်လုပ်ငန်းဒီပလိုမာနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားသွား မှာပါဟု ပညာရေးဝန်
ဆောင်မှုအဖွဲ့အစည်းတစ်ခုဖြစ်သည့်  CROWN Education မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်၊၊
 
The Diploma in Banking, Securities and Investment Management ဘာသာရပ်ပြီးဆုံးပြီး နောက် CISI မှ ချီးမြင့်မည့် The Investment Operations Certificate နှင့် The International Certificate in Investment Management (ICertIM) နှစ်ခုရရှိမည်ဖြစ်သည်။
 
အဆိုပါ ဒီပလိုမာကို အင်္ဂလန်နိုင်ငံရှိ Chartered Institute for Securities and Investment (CISI) မှ အသိအမှတ်ပြုထား၍ CISI သည် လန်ဒန်စတော့အိတ်ချိန်းမှ အသင်းဝင်များဖြင့်ဖွဲ့ စည်းထားသည့် အကျိုး
အမြတ်အတွက် မရည်ရွယ်သည့်အဖွဲ့  အစည်းတစ်ခုဖြစ်သည်၊၊
 
CISIသည် နိုင်ငံပေါင်း(၉၀)တွင် ၀န်ထမ်းပေါင်း လေးသောင်းကျော်ဖြင်လုပ်ကိုင်နေပြီး ယူကေရှိ Securities
and Investment နယ်ပယ်၌ ဂုဏ်သိက္ခာကြီးမားသော UK အခြေစိုက်အဖွဲ့အစည်း ကြီးတစ်ခုလည်းဖြစ်
သည်။
 
မြန်မာနိုင်ငံမှာ ကျောင်းသူကျောင်သားအများစုက စီမံခန့် ခွဲမှု့ဘာသာရပ် ( Business Management)
တွေကို   လေ့လာဖို့ ပိုပြီးအားသန်ကြ ပါတယ်၊၊  Banking, Securities & Investment လို ဒီပလိုမာအမျိုး
အစားက မြန်မာနိုင်ငံမှာလည်း မသင်ကြားပေးနိုင်သေးဘူး၊ အခုဆိုနိုင်ငံတကာ ဘဏ်တွေ ၀င်ရောက်လာ
တော့မယ်။

ပြည်တွင်းက ဘဏ်တွေကလည်း နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်ကြတော့မယ်၊၊ စတော့ဈေးကွက်တွေလည်း မဖြစ်မနေလုပ်ဆောင်ရမှာဆိုတော့ Banking တို့  Investment Management  လိုဘာသာရပ်မျိုးတွေက နိုင်ငံတကာအလုပ်အကိုင်အခွင့်အလမ်း မှာ သာမကပဲ မြန်မာနိုင်ငံမှာကို အများကြီးလိုအပ်လာမယ့် ဘာသာရပ်မျိုး တွေဖြစ်ပါတယ်၊၊ ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ အကြံပြုပြောကြားသည်၊၊
 
The Diploma in Banking, Securities and Investment Management တွင် သင်ယူရမည့် ဘာသာရပ်
များမှာ  • Elements of Economics • Business Statistics • Principles of Management • Rules & Regulations for Financial Advisory Services• Business Accounting •Introduction to Securities & Investment (International) • Operational Risk • International Certificate in Investment Management စသည်တို့ဖြစ်သည်။
 
 အဆိုပါ ဒီပလိုမာဘာသာရပ်သင်ယူပြီးပါက UK နှင့် သြစတြေးလျ ထိပ်တန်းတ္ကသိုလ်ကြီး များဖြစ်ကြသည်
့Northumbria Unversity ၊UniversityCollegeDublin နှင့်Murdoch University ပေးအပ်မည့်Banking
 and Finance ၊ Banking and Wealth Management ၊ Banking and Management စသည်တို့ကိုဆက်
လက်သင်ယူနိုင်ကြောင်းကိုလည်း သိရသည်။
 
 The Diploma in Banking, Securities and Investment Management တတ်ရောက်သင်ကြားလိုသူ
များအနေဖြင့် လာမည့် (၈)လခန့်သင်ကြားရမည်ဖြစ်ပြီးစင်္ကာပူဒေါ်လာ(၁၄၀၈၆.၉၀)၀န်းကျင်ကျသင့်မည်
ဖြစ်ကြောင်း၊ Bechelor of Commerce မှာ (၁၆)လသင်ကြားရမည်ဖြစ်ပြီးစင်္ကာပူဒေါ်လာ(၂၃၅၅၆.၅၀)ကျ
သင့်မည်ဖြစ်ပြီး၊ Becelor of Science အတွက်မူ(၁၈)လ သင်ကြားပြီး စင်္ကာပူဒေါ်လာ(၂၅၈၄၀.၅၀) ကျ
သင့်မည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 
လျှောက်ထားလိုသူများအနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ လျှောက်ထားနိုင်ပြီး IELTS 5.5 တင်ပြရမည်ဖြစ်သည်။ IELTS ရမှတ်မရှိသူများ အနေဖြင့်လည်း CROWN Education တွင် Kaplan English Placement Test ဖြေဆိုနိုင်ကြောင်းကိုလည်း သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် CROWN Education အမှတ်-၂၇၀၊ ပထမထပ်၊ အခန်း 1C ၊ ပြည်လမ်း ၊ မြေနီကုန်း၊ ဖုန်း - ၀၉ ၇၃၂ ၇၃၂ ၇၇ ၊ ၀၉ ၅၀၈၅ ၁၈၅ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။


မြစ်မခသတင်း
 

0 comments:

Post a Comment