Pages

Wednesday, October 3, 2012

လောပိတရေအားလျှပ်စစ် စီမံကိန်းတစ်လျှောက်ရှိ မြေမြှုပ်မိုင်းများ ဖယ်ရှားပေးရန် ဒေသခံများ တောင်းဆို

လုံခြုံရေးအကြောင်းပြကာ မြှုပ်နှံထားသော လောပိတရေအား လျှပ်စစ်စီမံကိန်းတစ်လျှောက်ရှိ မြေမြှုပ်မိုင်းများအား ဖယ်ရှားပေးရန် ကယားပြည်နယ်ဒေသခံများက တောင်းဆိုလိုက်သည်။ ၁၉၉၆ ခုနှစ်မှ စတင်ကာကယားပြည်နယ်မြောက်ပိုင်းဒေသအတွင်းစတင်တည်ဆောက်ခဲ့သည့် လောပိတရေအားလျှပ်စစ်စီမံကိန်း တစ်လျှောက်ရှိ အဆောက်အအုံ များနှင့် လျှပ်စစ်ကြိုးများ သွယ်တန်း ရာ ဓာတ်မီးတိုင်များတစ်လျှောက် ၌ လုံခြုံရေးအတွက်ဆိုကာ မြှုပ်နှံ ထားခဲ့သည့် မြေမြှုပ်မိုင်း များကြောင့် ဒေသခံပြည်သူများမှာ အသက်သေ ကျေသည်အထိ ထိခိုက်ဒဏ်ရာရ မှုများမကြာခဏဖြစ်ပေါ်နေရသည်။
ယခုတိုင်ဖြစ်ပေါ်နေသည့်အ တွက်ကြောင့် ဘဝလုံခြုံမှုမရှိသည့် အနေအထားများမှ ကင်းဝေးစေ ရေး အတွက်ကို ယခုကဲ့သို့ တောင်း ဆိုနေကြရခြင်းဖြစ်သည်ဟု ကရင်နီ လူမှုအဖွဲ့အစည်းများကွန်ရက်မှ အဖွဲ့ဝင် ကိုသော်ရိန်က ပြောကြား သည်။

''မြေမြှုပ်မိုင်းတွေက လုံခြုံ ရေးကိုအကြောင်းပြပြီး ထားထား တာ။ သောင်းဂဏန်းလောက်တော့ ရှိမယ်ထင်တယ်။ ဒေသခံပြည် သူ တွေရဲ့အ သက်အန္တရာယ်အတွက် ကို အရမ်းစိုးရိမ်နေရပါတယ်'' ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ မြေမြှုပ်မိုင်းများ ကြောင့်ပင် ပြီးခဲ့သည့်လပိုင်းများ အတွင်းက အသက် ၁ဝ နှစ်ဝန်း ကျင်ဒေသခံကလေးငယ် သုံးဦးသေ ဆုံးခဲ့ရပြီး လူကြီးတစ်ဦးမှာ ဒဏ်ရာ ရရှိခဲ့ရကြောင်း၎င်းကပြောသည်။
''အရင်တုန်းကလည်း မကြာ မကြာ မိုင်းထိပြီး သေကြတာတွေ ရှိတယ်။ အခုလည်းပဲ သေနေ တုန်းပဲ။ ဒါကြောင့် ဒီမိုင်းတွေကို ဒီအတိုင်းသာ ဆက်ထားရင် ရှေ့ လျှောက်လည်း သေနေကြရဦးမှာ ပဲ။ ဒါကြောင့် ဒီမြှုပ်ထားတဲ့မိုင်း တွေကို မြန်မြန်ပြန်ဖော်ထုတ်ပေး ဖို့တော့လိုနေပါ တယ်''ဟုအထက် ပါပုဂ္ဂိုလ်ကထပ်လောင်းပြောသည်။

တည်ဆောက်ထားသည့် လောပိတရေအားလျှပ်စစ်စီမံကိန်း မှ ဓာတ်အားလိုင်းအား မန္တလေး- တောင်ကြီးသို့ တစ်လိုင်းသွယ်တန်း ပြီး တောင်ငူ-ရန်ကုန်သို့ တစ်လိုင်း သွယ်တန်းထားကြောင်းသိရသည်။

ယင်း သွယ်တန်းထားသော လမ်းကြောင်းတစ်လျှောက်တွင် လည်း မြေမြှုပ်မိုင်းများ မြှုပ်နှံထား ပြီး မည်သည့်အကြောင်းဖြင့် ဖြစ် ဖြစ် မိုင်းပေါက်ကွဲပါက မိုင်းတန်ဖိုး ကိုဒေသခံပြည်သူများကပေးေ လျာ် နေကြရကြောင်း ကိုသော်ရိန်က ပြောသည်။

''တောထဲ တောင်ထဲမှာ တိရစ္ဆာန်တွေကြောင့် မိုင်းပေါက်လို့ သူတို့မသိ လိုက်ရင် အဲဒီ တိရစ္ဆာန် အသေကို ပိုင်ရှင်က ပြန်ယူလို့ရ ပေမယ့် စစ်သားတွေသိရင်တော့ အဲဒီအသားကို ပြန်ယူလို့ မရသလို ပေါက်ကွဲ သွားတဲ့ မိုင်းရဲ့တန်ဖိုးကို လည်း ပြန်လျော်ခိုင်းတယ်။ ဒါက အထက်က ခိုင်းတယ်လို့တော့ မ ထင်ဘူး။ သူတို့ဘာသာ သူတို့ လုပ် နေကြတာပဲလို့ ထင်ပါတယ်'' ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်း ပြောကြားသည်။

လောပိတရေအားလျှပ်စစ် စီ မံကိန်းအတွက်ကို ကယားပြည်နယ် အတွင်း စက်ရုံနှစ်ရုံ တည်ဆောက် ထားကာ လိုင်းနှစ်လိုင်းဖြင့် ဖြန့် ဖြူး ပေးလျက်ရှိပြီး အဆိုပါစီမံကိန်းမှ ၁၉၆ မဂ္ဂါဝပ်ဝန်းကျင် ထုတ်လုပ် ဖြန့်ဖြူးပေးနေကြောင်းသိရသည်။

ယင်းသို့ ထုတ်လုပ်ပေးနေ သော်လည်း ဒေသခံပြည်သူများ မှာ လျှပ်စစ်မီးလုံလောက်စွာ ရရှိမှု မရှိဟု ဒေသခံရွာသားများက ဆို သည်။

အဆိုပါ လောပိတရေအား လျှပ်စစ်စီမံကိန်းကြောင့် ကျေးရွာ ပေါင်း ၂၄ ရွာ ဖယ်ရှားပေးခဲ့ရပြီး မြေဧက ၈ဝဝဝ ဝန်းကျင်ကို သိမ်း ဆည်းခံခဲ့ရကြောင်း သိရှိရသည်။

0 comments:

Post a Comment