Pages

Saturday, September 1, 2012

မြန်မာပြည်သို့ ဒေါက်တာနိုင်အောင်အဖွဲ့ ပြီးနောက် မိုးသီးဇွန်အပါအဝင်(၇)ဦး ရောက်ရှိ


မြန်မာအစိုးရက နာမည်ပျက်စာရင်းမှ ပယ်ဖျက်လိုက်သောကြောင့် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာ
သူများမှ ဒုတိယမြောက်ရောက်ရှိလာသည့် မိုးသီးဇွန်အပါအဝင် ( ၇ )ဦးမှာ ရန်ကုန်လေဆိပ်သို့ TG 303 လေယာဉ်ဖြင့် စက်တင်ဘာ(၁)ရက်နေ့ နံနက်ပိုင်းတွင်  ရောက်ရှိ လာသည်။

အဆိုပါ (၇)ဦးမှာ မိုးသီးဇွန်၊ ထွန်းအောင်ကျော်၊ မူးသာ၊ ရွှေစင်၊ရင်အေး၊ ကိုကိုလေးနှင့် ကိုကိုအောင်တို့ဖြစ်
ပြီး  ဂျပန်မှ လာရောက်ခဲ့သူ ကိုကိုအောင်မှလွဲ၍ ကျန်လူများမှာ အမေရိကားမှ လာရောက်ခဲ့ခြင်းဖြစ်သည့် (၈၈)တောခို   ကျောင်းသားတပ်မတော်အဖွဲ့ဝင်ဟောင်းများဖြစ်သည်။
 
၎င်းတို့အနေဖြင့် နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် စက်တင်
ဘာလ(၃)ရက်နေ့တွင် ယုဇနဂါးဒင်းဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်သွား မည်ဖြစ်ကြောင်း
ကိုလည်း သိရသည်။
 
အဆိုပါ အဖွဲ့မှာ ရန်ကုန်သို့ရောက်လျင်ရောက်ခြင်း ရွှေတိဂုံဘုရားစနေဒေါင့်ရှိ ကျောင်းသား ကျောက်တိုင်
သို့ သွားရောက်ကာ   ရေတိဂုံစေတီတော်မြတ်အား ဖူးမျှော်ခဲ့သည်။
 
ရေရှည်တည်တံ့ခိုင်မြဲသည့် ပြောင်းလဲမှုများဖြစ်ပေါ်စေရန် ၂ဝ၁၅ မတိုင်မီကာလအတွင်း ပြည်တွင်း ပြည်
ပအင်အားစုများ အားလုံးပါဝင်သည့် တိုင်းပြည်ပြန်လည်တည်ဆောက်ရေး ဆွေးနွေးပွဲများ ပေါ်ပေါက်ရန် လိုအပ်ကြောင်း  အစိုးရသို့ ဒေါက် တာနိုင်အောင် က  တိုက်တွန်းမေတ္တာရပ်ခံ ပြောကြားခဲ့သည်။
 
မြန်မာအစိုးရက နာမည်ပျက်စာရင်းမှ ပယ်ဖျက်လိုက်သောကြောင့် မြန်မာနိုင်ငံသို့ သြဂုတ်လ(၃၁) ရက်
နေ့က   ပြန်လည်ရောက်ရှိလာစဉ် ရန်ကုန်လေဆိပ်၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
''သမ္မတဦးသိန်းစိန် နဲ့လက်ရှိအစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ တွေ့ဆုံ ဆွေးနွေးမှု
တွေကို အကောင်အ ထည်ဖော်ဆောင်ရွက်သွားမယ်လို့လည်း အလေးနက် ယုံကြည် ပါတယ်။'' ဟု ဒေါက်တာနိုင်အောင်က ပြောသည်။
 
အဆိုပါ နာမည်ပျက်စာရင်းပယ်ဖျက်ပေးလိုက်ပြီးနောက် မြန်မာပြည်သို့ပြန်လည်ဝင်ရောက်လာသူ (၃)ဦး
ဖြစ်ပြီး စာရင်းပယ်ဖျက်ပြီးနောက် မြန်မာနိုင်ငံသို့ ပထမဦးဆုံးရောက်ရှိလာသည့်သူများလည်း   ဖြစ်သည်။ 
ရောက်ရှိလာသူများမှာ ဒေါက်တာ သောင်းထွန်း၊ဒေါက်တာ နိုင်အောင်နှင့် ဦးညိုအုန်းမြင့် တို့ ဖြစ်သည်။
 
တိုင်းရင်သားနယ်မြေများတွင် ထိုးစစ်များ ရပ်ပေးရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်ပေးရန်၊ စစ်မှန်
သည့် မီဒီယာလွတ်လပ် ခွင့်ပြုပေးရန်၊ နယ်စပ်အခြေစိုက် ဒီမိုကရေစီအင်အားစုများအား တွေ့ဆုံဆွေးနွေး
ပွဲများတွင် ပါဝင်ခွင့်ပေးရန် စသည့်ကိစ္စရပ်များအား   ပြုလုပ်သွားရန် အစီအစဉ် ရှိကြောင်းကိုလည်း သိရှိ
ရသည်။
 
''ပြည်ပရောက်နေတဲ့အင်အားစု နိုင်ငံရေးလွတ်လပ်ခွင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ စိတ်ချ
လုံခြုံစွာဆောင်ရွက်နိုင်ဖို့ သမ္မတနှင့်တကွ အစိုးရအပါအဝင် နိုင်ငံတော်အဖွဲ့အစည်းများ အားလုံးကို အလေး
နက်ဆန္ဒ ပြုပါတယ်။'' ဟု ၄င်းက ဆက်သည်။


၎င်းတို့၏ လေ့လာရေးခရီးစဉ်တွင် ပြည်သူ့အသံ၊ လူထုအခြေပြု အဖွဲ့အစည်း နိုင်ငံရေး အင်အား စုများနှင့် အစိုးရ သဘောထားများကို အသေအချာ လေ့လာသွားမည်ဖြစ်ပြီး၊ တင်ပြအကြံပြုမှုများ ကိုလည်း တလေး
တစား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုလည်း ပြောကြားခဲ့သည်။
 
၎င်းတို့သည် သြဂုတ်လ(၃၁)ရက် နေ့လည် (၂းဝဝ)နာရီတွင် ရောက်ရှိခဲ့ပြီဖြစ်ပြီး စက်တင်ဘာ (၁)ရက်နေ့
တွင် ကိုမိုးသီးဇွန်မှလည်း ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 
မြောက်ပိုင်း ABSDF ကျောင်းသားလူသတ်မှုကိုလည်း မှန်ကန်စွာဖြေရှင်းရန်လိုအပ်နေကြောင်းနှင့် ဖြေ
ရှင်း သွားမည်ဖြစ်ကြောင်းကိုလည်း ၄င်းက ဆိုသည်။
 
''ကျွန်တော် ဖြေလည်း ဖြေရှင်းခဲ့ပြီးပါပြီ။ အဲဒီတုန်းက တောင်ပိုင်းမှာရှိနေခဲ့တယ်။ အဲဒီကိစ္စတွေ ကလည်း
ဖြစ်ပြီးမှ သိရတာပါ။ သူတို့လည်း သူတို့အမြင်တွေကို ပြောခွင့်ရှိပါတယ်။ ကျွန်တော့် သဘောထားကို ရှင်း
ရှင်းလင်းပြောခဲ့ပြီးပါပြီ။'' ဟု ဒေါက်တာနိုင်အောင်က ပြောသည်။


မြစ်မခသတင်းမီဒီယာ
 

0 comments:

Post a Comment