သြဂုတ်လ ၃၁ ရက်နေ့က ရန်ကုန်
လေဆိပ်တွင် ဒေါက်တာနိုင်အောင်
နှင့် အဖွဲ့အား လာရောက်ကြိ ဆိုကြ
စဉ်
နိုင်ငံတော် သမ္မတ၏ ရခိုင်အရေး
နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဇာဂနာက သတင်း
မီဒီယာများ အား ဆဲဆိုခဲ့ကြောင်း သိရသည်။
ယင်း ကိစ္စဖြစ်ပြီး နောက်တစ်နေ့ စက်တင်ဘာ ၁ ရက်နေ့တွင်ဦးဇာဂနာ မှ
မီဒီယာများအား ဆဲဆိုခြင်း မဟုတ်ကြောင်း လေဆိပ်တွင် တရားဝင် ရှင်းလင်း
ပြောကြားသည်။
"ကျွန်တော့်ကို လူတစ်ယောက်က တွန်းလိုက်လို့ မှောက်ရက်လဲ သွား တယ် ၊ အဲဒီလူကို ကျွန်တော်ပြန် ဆဲတာ မီဒီယာတွေကို ဆဲတာမဟုတ်ဘူး ၊တကယ်လို့ မီဒီယာကို ကျွန်တော်ဆဲတယ်ဆိုရင်လည်း ကျွန်တော်အတိအလင်းတောင်းပန်တယ်" ဟု ယနေ့ မိုးသီးဇွန်နှင့် အဖွဲ့အား လာရောက်ကြိုဆိုစဉ် လေဆိပ် ၌ သတင်း မီဒီယာများအား တရားဝင် ပြန်လည်ဖြေရှင်းပြောကြားခဲ့သည်။

မြန်မာ့သားကောင်း
0 comments:
Post a Comment