Pages

Saturday, September 1, 2012

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်အား လက်ပွေ့ရောင်းချလာသည်အထိ ရောင်းအားမြင့်တက်


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်အား လက်ပွေ့ရောင်းချလာသည်အထိ ရောင်းအားမြင့်တက်လျှက်ရှိ
ပြီး ရန်ကုန်စာအုပ်ဈေးကွက်အတွင်းတွင်လည်း  ၀ယ်လိုအားမြင့်တက်လျှက်ရှိကြောင်း သိရှိရသည်။

 “ဆိုင်မှာဆိုရင် တကူးတကနဲ့ သွားဝယ်နေရတယ်ဆိုတော့ တော်ရုံဘယ်သူမှ မဝယ်ဖြစ်ဘူး။ ဒါကြောင့် စမ်း
ပြီးတော့ ရောင်းကြည့်တော့ တော်တော်များများ စိတ်ဝင်စားပြီးဝယ်ယူကြတာကိုတွေ့ကြတယ်ဗျဟုလှည်း
တန်းမီးပိုင့်အနီးတဝိုက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်များကို လက်ပွေ့ရောင်းချနေသူ တစ်ဦးက ပြော
သည်။
 
အဆိုပါစာအုပ်များကို လက်ပွေ့ရောင်းချသူများက စာအုပ်ဆိုဒ်ကြီးတစ်အုပ်လျှင် ကျပ်ငွေ(၅၀၀၀) အသေး
တစ်အုပ်လျှင် ကျပ်ငွေ (၂၅၀၀)နှုန်းဖြင်ရောင်းချခြင်းဖြစ်ည်။
 
စာအုပ်ဆိုင်ကြီးများတွင် ရောင်းချသည့်ဈေးနူန်းထက် ဈေးတင်ရောင်းချ နေသော်လည်း စိတ်ဝင်စားမူများ
ပြားခြင်းကြောင့် ၀ယ်ယူလေ့လာသူများလည်း များပြားလျက် ရှိကြောင်း သိရသည်။
 
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ စာအုပ်ကို စာအုပ်အကြီးနှင့် လက်စွဲစာအုပ်အရွယ်အစားစသည့် ပုံစံ နှစ်မျိုး
ဖြင့် ထုတ်ဝေထားခြင်းဖြစ်ပြီး စာအုပ်ကြီးတစ်အုပ်လျှင် ကျပ် (၃၀၀၀)၀န်းကျင်နှင့် လက်စွဲစာအုပ် တစ်အုပ်
လျှင် ကျပ် (၆၀၀)၀န်းကျင်ဖြင့် စာအုပ်ဆိုင်များတွင် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
 
 “တချို့လူကြီးတွေဆို ဈေးမဆစ်တဲ့အပြင် ဒီလိုမျိုး နိုင်ငံသားတွေတိုင်း သိသင့်သိထိုက်တဲ့ နိုင်ငံဖွဲ့စည်းပုံဥပ
ဒေ စာအုပ်ကို အလွယ်တကူ ဝယ်ယူနိုင်အောင် ရောင်းပေးတဲ့အတွက် ဆိုပြီး ကျသင့်တဲ့ ထက်ဈေးထက် ငါး
ရာ၊ တစ်ထောင်လောက် မုန့်ဖိုးအဖြစ် ပိုပေးကြတယ်ဟု လက်ပွေ့ ရောင်းချသူတစ်ဦးက ပြောသည်။
 
 (၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်တွင် နိုင်ငံတော်အခြေခံမူများ၊နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်
ပုံ၊နိုင်ငံတော်အကြီးအကဲ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တပ်မတော်၊ နိုင်ငံသားများ၏ မူလအ
ခွင့်အရေးနှင့် တာဝန်များ၊ ရွေးကောက်တင်မြှောက်ခြင်း၊ နိုင်ငံရေးပါတီများ၊ အရေးပေါ်ကာလဆိုင်ရာ ပြ
ဌာန်းချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၊ နိုင်ငံတော်အလံ- အထိမ်းအမှတ်တံဆိပ်သီချင်းနှင့်မြို့
တော်၊ ကူးပြောင်းရေးကာလပြဌာန်းချက်များ နှင့် အထွေထွေပြဌာန်းချက်များဖြင့် အခန်း (၁၅)ခန်းပါဝင်
သည်။
 
စာအုပ်ထဲမှာပါတဲ့ တော်တော်များများက ပြည်သူတွေရပိုင်ခွင့် ဆုံးရုံးနေတာတွေကိုအများကြီးေ တွ့ရတယ်
။ စာအုပ်ဖတ်ပြီးမှ သိလာရတာ။ အခုလွယ်လွယ်ကူကူနဲ့ ၀ယ်ယူပြီးလေ့လာခွင့်ရတာကို ကျေးဇူးတင်မိပါ
တယ်။ဗဟန်းမြို့နယ်မှ အဆိုပါ စာအုပ်ဝယ်ယူဖတ်ရှုလေ့လာသူ တစ်ဦးက ပြောသည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများဖြင့် (၂၀၀၈) ခုနှစ် မေလ (၁၀) ရက်နှင့် (၂၄) ရက်နေ့တွင် အောင်မြင်စွာကျင်းပပြီးစီးကြောင်းခဲ့ပြီး နိုင်ငံတစ်ဝန်း ဆန္ဒမဲပေးခွင့်ရှိသူ (၂၇၂၈၈၈၂၇) ဦးအနက် (၉၈.၁၂) ရာခိုင်နှုန်းတို့မှ ဆန္ဒမဲပေးခဲ့သလို ၎င်းတို့အနက် (၉၂.၄၈) ရာခိုင်နှုန်းက  ထောက်ခံ အတည်ပြုခဲ့သည့်အတွက် (၂၀၀၈) ခုနှစ် မေလ (၂၉) ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေအတည်ပြုပြဌာန်းခဲ့ကြောင်း သိရသည်။
 
အဆိုပါစာအုပ်များအား ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွင် ပုံနှိပ်ပြီး လက်စွဲစာအုပ်သေးအား ၂၀၁၂ခုနှစ်၊ ဇွန်လ၌ အုပ်ရေ (၅၀၀၀)ထုတ်ဝေခဲ့ကြောင်း သိရသည်။


မြစ်မခသတင်းမီဒီယာ
 

0 comments:

Post a Comment